7. အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကျေးဇူးပြုတော်မူခဲ့ပါပြီ။တောင်ပေါ်ရဲတိုက်ကဲ့သို့ကျွန်တော်မျိုးအား လုံခြုံစွာကွယ်ကာတော်မူခဲ့ပါ၏။သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး အား မျက်နှာတော်ကိုလွှဲ၍နေတော်မူစဉ်ကကျွန်တော်မျိုးသည်ကြောက်လန့်ပါ၏။
8. အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်သို့ ဟစ်ခေါ်လျက်
9. ``ကျွန်တော်မျိုးသေရခြင်းဖြင့်အဘယ်အကျိုး ရှိပါမည်နည်း။သင်္ချိုင်းတွင်းသို့ရောက်ရခြင်းဖြင့်အဘယ်အကျိုး ဖြစ်ထွန်းပါမည်နည်း။သူသေတို့သည်ကိုယ်တော်ရှင်အားထောမနာ ပြုနိုင်ပါသလော။သူတို့သည်ကိုယ်တော်ရှင်၏သစ္စာတော်ကို ဖော်ပြကြေညာနိုင်ကြပါသလော။