ဆာ​လံ 30:1-2 Common Language Bible (BCL)

1. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​ကို ကယ်​တော်​မူ​သော​ကြောင့်​လည်း​ကောင်း၊ကျွန်​တော်​မျိုး​၏​ဝေ​ဒ​နာ​ကြောင့်ရန်​သူ​တို့​အား​နှစ်​ထောင်း​အား​ရ​ခွင့်​ကို ပေး​တော်​မ​မူ​သော​ကြောင့်​လည်း​ကောင်းကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ထော​မ​နာ ပြု​ပါ​၏။

2. ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊ထာ​ဝ​ရ​ဘု​ရား၊ကယ်​မ​တော်​မူ​ရန်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ကျွန်​တော်​မျိုး​အော်​ဟစ်​ခဲ့​ပါ​၏။ကိုယ်​တော်​ရှင်​သည်​လည်း​ကျွန်​တော်​မျိုး​၏ ဝေ​ဒ​နာ​ကို​ငြိမ်း​စေ​တော်​မူ​ပါ​၏။

ဆာ​လံ 30