ဆာ​လံ 3:4-8 Common Language Bible (BCL)

4. ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့​ကူ​မ တော်​မူ​ရန် ဟစ်​အော်​တောင်း​လျှောက်​သည့်​အ​ခါကိုယ်​တော်​သည်​သန့်​ရှင်း​မြင့်​မြတ်​ရာ​တောင်​ပေါ်​မှငါ​၏​ဆု​တောင်း​ပတ္ထနာ​သံ​ကို​နား​ညောင်း​တော်​မူ​၏။

5. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကွယ်​ကာစောင့်​ထိန်း​တော်​မူ​သော​ကြောင့်​ငါ​သည်​လဲ​လျောင်း အိပ်​ပျော်​ခွင့်​ကို​ရ​ရှိ​၏။

6. မိ​မိ​ပတ်​လည်​တွင်​ဝိုင်း​ရံ​လျက်​ရှိ​သောရန်​သူ​ထောင်​သောင်း​များ​စွာ​တို့​ကို ငါ​သည်​မ​ကြောက်။

7. အို ထာ​ဝ​ရ​ဘု​ရား၊ ကြွ​လာ​တော်​မူ​ပါ။ကျွန်​တော်​မျိုး​၏​ဘု​ရား​သ​ခင်၊​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​၏​ရန်​သူ​အ​ပေါင်း​တို့​၏ ပါး​ရိုး​ကို​ရိုက်​၍​သူ​တို့​၏​သွား​ကို​ချိုး​တော်​မူ​၏။

8. ထာ​ဝ​ရ​ဘု​ရား​သည်​အောင်​ပွဲ​ကို​ပေး​ပိုင်​သော အ​ရှင်​ဖြစ်​တော်​မူ​၏။ကိုယ်​တော်​၏​လူ​စု​တော်​အ​ပေါ်​သို့ ကောင်း​ချီး​မင်္ဂလာ​သက်​ရောက်​ပါ​စေ​သော။

ဆာ​လံ 3