4. ထိုသူတို့ပြုသောအမှုများနှင့်ကူးလွန်သောအပြစ်များအတွက်သူတို့အားအပြစ်ဒဏ် ပေးတော်မူပါ။သူတို့၏အကျင့်ဆိုးများအတွက် အပြစ်ဒဏ်ခတ်တော်မူပါ။သူတို့အပြစ်နှင့်ထိုက်သင့်သည့်အပြစ်ဒဏ်ကို စီရင်တော်မူပါ။
5. သူတို့သည်ထာဝရဘုရားပြုတော်မူသော အမှုတော်တို့ကိုလည်းကောင်း၊ကိုယ်တော်ဖန်ဆင်းတော်မူသောအရာများကိုလည်းကောင်း ပမာဏမပြုကြပါ။သို့ဖြစ်၍ကိုယ်တော်သည်သူတို့အားအပြစ်ဒဏ်ခတ်တော်မူ၍ထာဝစဉ်ဆုံးပါး ပျက်စီးစေတော်မူလိမ့်မည်။
6. ထာဝရဘုရားအားထောမနာပြုကြလော့။ကူမတော်မူရန်ငါအော်ဟစ်သည်ကို ကိုယ်တော်ကြားတော်မူပြီ။