9. ကျွန်တော်မျိုးအားမျက်နှာတော်ကိုလွှဲတော် မမူပါနှင့်။ အမျက်ထွက်တော်မမူပါနှင့်။ကိုယ်တော်ရှင်၏အစေခံဖြစ်သူကျွန်တော် မျိုးအား ကူမတော်မူသောအရှင်ဖြစ်တော်မူပါ၏။ကျွန်တော်မျိုး၏ကယ်တင်ရှင် အို ဘုရားသခင်၊ကျွန်တော်မျိုးအားပစ်ထားတော်မမူပါနှင့်။ စွန့်ပစ်တော်မမူပါနှင့်။
10. ငါ၏မိဘတို့သည်ငါ့အားစွန့်ပစ်စေကာမူထာဝရဘုရားသည်ငါ့ကိုကြည့်ရှု စောင့်ရှောက်တော်မူမည်။
11. အို ထာဝရဘုရား၊ကိုယ်တော်ရှင်ပြုစေလိုသောအမှုအရာတို့ကို ကျွန်တော်မျိုးအားသွန်သင်တော်မူပါ။ကျွန်တော်မျိုးမှာရန်သူများလှပါ၏။သို့ဖြစ်၍ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံရာ လမ်း၌ ပို့ဆောင်တော်မူပါ။
12. လိမ်လည်ခြိမ်းခြောက်သည့်ရန်သူများ၏လက်တွင် ကျွန်တော်မျိုးကိုစွန့်ပစ်၍ထားတော်မမူပါနှင့်။
13. ထာဝရဘုရားပြုတော်မူသောကျေးဇူးတော်ကိုငါသည်ဤဘဝတွင်တွေ့မြင်မည်ဟုယုံကြည်၏။
14. ထာဝရဘုရားအားကိုးစားလော့။စိတ်မပျက်နှင့်၊ယုံကြည်ခြင်းရှိလော့။ ထာဝရဘုရားအားကိုးစားလော့။