ဆာ​လံ 27:9-12 Common Language Bible (BCL)

9. ကျွန်​တော်​မျိုး​အား​မျက်​နှာ​တော်​ကို​လွှဲ​တော် မ​မူ​ပါ​နှင့်။ အ​မျက်​ထွက်​တော်​မ​မူ​ပါ​နှင့်။ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဖြစ်​သူ​ကျွန်​တော် မျိုး​အား ကူ​မ​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​၏​ကယ်​တင်​ရှင် အို ဘု​ရား​သ​ခင်၊ကျွန်​တော်​မျိုး​အား​ပစ်​ထား​တော်​မ​မူ​ပါ​နှင့်။ စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။

10. ငါ​၏​မိ​ဘ​တို့​သည်​ငါ့​အား​စွန့်​ပစ်​စေ​ကာ​မူထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​ကြည့်​ရှု စောင့်​ရှောက်​တော်​မူ​မည်။

11. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​ပြု​စေ​လို​သော​အ​မှု​အ​ရာ​တို့​ကို ကျွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​ပါ။ကျွန်​တော်​မျိုး​မှာ​ရန်​သူ​များ​လှ​ပါ​၏။သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား​ဘေး​မဲ့​လုံ​ခြုံ​ရာ လမ်း​၌ ပို့​ဆောင်​တော်​မူ​ပါ။

12. လိမ်​လည်​ခြိမ်း​ခြောက်​သည့်​ရန်​သူ​များ​၏​လက်​တွင် ကျွန်​တော်​မျိုး​ကို​စွန့်​ပစ်​၍​ထား​တော်​မ​မူ​ပါ​နှင့်။

ဆာ​လံ 27