ဆာ​လံ 27:4-8 Common Language Bible (BCL)

4. ထာ​ဝ​ရ​ဘု​ရား​အား​ငါ​တောင်း​လျှောက်​လို သော​ဆု၊ ငါ​လို​ချင်​တောင့်​တ​သော​ဆု​တစ်​ခု​တည်း​ရှိ​၏။ထို​ဆု​ကား​ဘု​ရား​သ​ခင်​၏​အိမ်​တော်​တွင်တစ်​သက်​လုံး​နေ​ရ​၍​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​အံ့​သြ​လျက်ကိုယ်​တော်​၏​လမ်း​ပြ​မှု​ကို​တောင်း​ခံ​နိုင်​ခွင့် ပင်​ဖြစ်​၏။

5. ဘေး​အန္တ​ရာယ်​ရောက်​သည့်​ကာ​လငါ့​အား​ကိုယ်​တော်​ကွယ်​ကာ​စောင့်​ရှောက်​၍ ထား​တော်​မူ​လိမ့်​မည်။ဗိ​မာန်​တော်​တွင်​လုံ​ခြုံ​စွာ​ထား​တော်​မူ​လိမ့်​မည်။ဘေး​ကင်း​စေ​ရန်​ကျောက်​ဆောင်​မြင့်​ပေါ်​မှာ​တင်​၍ ထား​တော်​မူ​လိမ့်​မည်။

6. သို့​ဖြစ်​၍​ငါ​သည်​မိ​မိ​အား​ဝိုင်း​ရံ​ထား​သည့် ရန်​သူ​များ​ကို​အောင်​မြင်​ခွင့်​ရ​လိမ့်​မည်။ငါ​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​ကြွေး​ကြော် လျက် ဗိ​မာန်​တော်​တွင်​ယဇ်​ပူ​ဇော်​မည်။သီ​ချင်း​ဆို​မည်။ ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​မည်။

7. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​ခေါ်​သော​အ​ခါ ထူး​တော်​မူ​ပါ။က​ရု​ဏာ​ထား​တော်​မူ​၍​ထူး​တော်​မူ​ပါ။

8. ``ငါ့​ထံ​သို့​ချဉ်း​ကပ်​၍​ကိုး​ကွယ်​ဝတ်​ပြု​လော့'' ဟု ကိုယ်​တော်​ရှင်​မိန့်​တော်​သည်​အ​တိုင်းအို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​အ​ထံ​တော်​သို့​ချဉ်း​ကပ် ပါ​မည်။

ဆာ​လံ 27