ဆာ​လံ 26:5-9 Common Language Bible (BCL)

5. ဆိုး​ညစ်​သူ​တို့​၏​အ​ပေါင်း​အ​သင်း​တို့​ကို ရွံ​မုန်း​၍ သူ​ယုတ်​မာ​တို့​ကို​ရှောင်​ရှား​ပါ​၏။

6. အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​မှာ​အ​ပြစ်​မ​ရှိ​ကြောင်း​ပြ​သ​ရန်ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​လက်​ကို​ဆေး​ကြော​ပြီး နောက်ကိုယ်​တော်​ရှင်​၏​ယဇ်​ပလ္လင်​ကို​လှည့်​ပတ်​၍ ဝတ်​ပြု​ကိုး​ကွယ်​ပါ​၏။

7. ကျွန်​တော်​မျိုး​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ သီ​ချင်း​ကို​ဆို​၍ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​အ​ပေါင်း​တို့​ကို​ပြော​ကြား​ပါ​၏။

8. အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​ဘုန်း​အ​သ​ရေ​တော်​တည်​ရာတည်း​ဟူ​သော​ကိုယ်​တော်​ရှင်​ကိန်း​ဝပ်​တော်​မူ​ရာ အိမ်​တော်​ကို​နှစ်​သက်​မြတ်​နိုး​ပါ​၏။

9. ကျွန်​တော်​မျိုး​အား​အ​ပြစ်​ကူး​သူ​များ​နှင့်​တ​ကွ ဖျက်​ဆီး​ပစ်​တော်​မ​မူ​ပါ​နှင့်။သူ​သတ်​သ​မား​တို့​၏​ကံ​ကြမ္မာ​ကို ခံ​စေ​တော်​မ​မူ​ပါ​နှင့်။

ဆာ​လံ 26