ဆာ​လံ 25:9-21 Common Language Bible (BCL)

9. စိတ်​နှ​လုံး​နှိမ့်​ချ​သူ​တို့​အား​လမ်း​မှန်​သို့ ပို့​ဆောင်​တော်​မူ​လျက်ကိုယ်​တော်​၏​အ​လို​တော်​ကို​သွန်​သင်​တော်​မူ​၏။

10. ပ​ဋိ​ညာဉ်​တော်​နှင့်​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​သူ​အ​ပေါင်း​တို့​အားကိုယ်​တော်​သည်​မေတ္တာ​နှင့်​လည်း​ကောင်း၊ သစ္စာ​နှင့်​လည်း​ကောင်း​လမ်း​ပြ​ပို့​ဆောင် တော်​မူ​၏။

11. အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​၏​အ​ပြစ်​တို့​သည်​များ​လှ​ပါ​၏။သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​၏​က​တိ​တော်​ကိုတည်​စေ​တော်​မူ​လျက်​ကျွန်​တော်​မျိုး​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။

12. ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​သော​သူ တို့​သည်မိ​မိ​တို့​လျှောက်​အပ်​သည့်​လမ်း​စဉ်​ကို ကိုယ်​တော်​၏​ထံ​မှ​သင်​ယူ​ကြ​လိမ့်​မည်။

13. သူ​တို့​သည်​အ​စဉ်​ပင်​ကောင်း​စား​ကြ​လျက်သူ​တို့​၏​သား​သ​မီး​များ​သည်​ပြည်​တော် ကို ပိုင်​ရ​ကြ​လိမ့်​မည်။

14. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​စ​ကား​ကိုနား​ထောင်​သူ​တို့​နှင့်​မိတ်​သ​ဟာ​ယ​ဖွဲ့​တော် မူ​၏။သူ​တို့​အ​တွက်​ကိုယ်​တော်​၏​ပ​ဋိ​ညာဉ်​တရား တော်​ကို တည်​မြဲ​စေ​တော်​မူ​၏။

15. ကယ်​မ​တော်​မူ​ရန်​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အား အ​ခါ​ခပ်​သိမ်း​မျှော်​ကြည့်​၏။ကိုယ်​တော်​သည်​လည်း​ငါ့​အား​ဘေး​အန္တ​ရာယ်​မှ ကယ်​ဆယ်​တော်​မူ​၏။

16. အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​သည်​တစ်​ကိုယ်​တည်း​ကျန်​ရစ်​လျက် အား​အင်​ချိ​နဲ့​၍​နေ​ပါ​၏။သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​ဘက်​သို့​လှည့်​တော်​မူ​၍ က​ရု​ဏာ​တော်​ကို​ပြ​တော်​မူ​ပါ။

17. ကျွန်​တော်​မျိုး​၏​ပူ​ပင်​သော​က​အ​ပေါင်း​ကို ငြိမ်း​စေ​တော်​မူ​လျက်ကျွန်​တော်​မျိုး​အား​ဆင်း​ရဲ​ဒုက္ခ​အ​ပေါင်း​မှ ကယ်​တော်​မူ​ပါ။

18. ကျွန်​တော်​မျိုး​ခံ​စား​ရ​သော​ဒုက္ခ​များ​နှင့်ဝေ​ဒ​နာ​အ​ပေါင်း​ကို​အောက်​မေ့​ဆင်​ခြင်​တော် မူ​၍ကျွန်​တော်​မျိုး​၏​အ​ပြစ်​များ​ကို​ဖြေ​လွှတ် တော်​မူ​ပါ။

19. ကျွန်​တော်​မျိုး​တွင်​အ​ဘယ်​မျှ​ရန်​သူ​များ​ကြောင်း​ကို ကြည့်​တော်​မူ​ပါ။သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​ဘယ်​မျှ မုန်း​ကြောင်း​ကို​သိ​မှတ်​တော်​မူ​ပါ။

20. ကျွန်​တော်​မျိုး​အား​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​ပါ။ ကယ်​တော်​မူ​ပါ။ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​ထံ​တော်​တွင် ခို​လှုံ​ရန်​ချဉ်း​ကပ်​ပါ​၏။သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​အား အ​ရှက်​ကွဲ​စေ​တော်​မ​မူ​ပါ​နှင့်။

21. ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို ကိုး​စား​သည်​ဖြစ်​၍ကျွန်​တော်​မျိုး​၏​သစ္စာ​သ​မာ​ဋ္ဌိ​ရှိ​မှု​သည် ကျွန်​တော်​မျိုး​အား​စောင့်​ထိန်း​ပါ​စေ​သော။

ဆာ​လံ 25