ဆာ​လံ 25:4-7 Common Language Bible (BCL)

4. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​၏​နည်း​လမ်း​တော်​တို့​ကို ကျွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​ပါ။ယင်း​တို့​ကို​ကျွန်​တော်​မျိုး​အား​သိ​ရှိ​နား​လည် စေ​တော်​မူ​ပါ။

5. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အားကယ်​တင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည် ဖြစ်​၍ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏သမ္မာ​တ​ရား​တော်​အ​တိုင်း​ပြု​မူ​ကျင့်​ကြံ တတ်​ရန် သွန်​သင်​တော်​မူ​ပါ။ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို အ​စဉ်​ကိုး​စား​လျက်​နေ​ပါ​၏။

6. အို ထာ​ဝ​ရ​ဘု​ရား၊ရှေး​ကာ​လ​မှ​စ​၍​ကိုယ်​တော်​ရှင်​ပြ​တော် မူ​သည့်က​ရု​ဏာ​တော်​နှင့်​ခိုင်​မြဲ​သော​မေတ္တာ​တော် တို့​ကို အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။

7. အ​သက်​ပျို​ရွယ်​စဉ်​အ​ခါ​ကကျွန်​တော်​မျိုး​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ​နှင့် အ​မှား​အ​ယွင်း​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ကိုယ်​တော်​ရှင်​သည်​ခိုင်​မြဲ​သော​မေတ္တာ​ရှိ​တော်​မူ​၍ ကောင်း​မြတ်​တော်​မူ​သည်​နှင့်​အ​ညီကျွန်​တော်​မျိုး​အား​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။

ဆာ​လံ 25