11. အို ထာဝရဘုရား၊ကျွန်တော်မျိုး၏အပြစ်တို့သည်များလှပါ၏။သို့ဖြစ်၍ကိုယ်တော်ရှင်၏ကတိတော်ကိုတည်စေတော်မူလျက်ကျွန်တော်မျိုး၏ အပြစ်များကိုဖြေလွှတ်တော်မူပါ။
12. ထာဝရဘုရားကိုကြောက်ရွံ့ရိုသေသောသူ တို့သည်မိမိတို့လျှောက်အပ်သည့်လမ်းစဉ်ကို ကိုယ်တော်၏ထံမှသင်ယူကြလိမ့်မည်။
13. သူတို့သည်အစဉ်ပင်ကောင်းစားကြလျက်သူတို့၏သားသမီးများသည်ပြည်တော် ကို ပိုင်ရကြလိမ့်မည်။
14. ထာဝရဘုရားသည်မိမိ၏စကားကိုနားထောင်သူတို့နှင့်မိတ်သဟာယဖွဲ့တော် မူ၏။သူတို့အတွက်ကိုယ်တော်၏ပဋိညာဉ်တရား တော်ကို တည်မြဲစေတော်မူ၏။
15. ကယ်မတော်မူရန်ငါသည်ထာဝရဘုရားအား အခါခပ်သိမ်းမျှော်ကြည့်၏။ကိုယ်တော်သည်လည်းငါ့အားဘေးအန္တရာယ်မှ ကယ်ဆယ်တော်မူ၏။
16. အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်တစ်ကိုယ်တည်းကျန်ရစ်လျက် အားအင်ချိနဲ့၍နေပါ၏။သို့ဖြစ်၍ကျွန်တော်မျိုးဘက်သို့လှည့်တော်မူ၍ ကရုဏာတော်ကိုပြတော်မူပါ။
17. ကျွန်တော်မျိုး၏ပူပင်သောကအပေါင်းကို ငြိမ်းစေတော်မူလျက်ကျွန်တော်မျိုးအားဆင်းရဲဒုက္ခအပေါင်းမှ ကယ်တော်မူပါ။
18. ကျွန်တော်မျိုးခံစားရသောဒုက္ခများနှင့်ဝေဒနာအပေါင်းကိုအောက်မေ့ဆင်ခြင်တော် မူ၍ကျွန်တော်မျိုး၏အပြစ်များကိုဖြေလွှတ် တော်မူပါ။
19. ကျွန်တော်မျိုးတွင်အဘယ်မျှရန်သူများကြောင်းကို ကြည့်တော်မူပါ။သူတို့သည်ကျွန်တော်မျိုးအားအဘယ်မျှ မုန်းကြောင်းကိုသိမှတ်တော်မူပါ။
20. ကျွန်တော်မျိုးအားကွယ်ကာစောင့်ရှောက်တော်မူပါ။ ကယ်တော်မူပါ။ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်တွင် ခိုလှုံရန်ချဉ်းကပ်ပါ၏။သို့ဖြစ်၍ကျွန်တော်မျိုးအား အရှက်ကွဲစေတော်မမူပါနှင့်။
21. ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကို ကိုးစားသည်ဖြစ်၍ကျွန်တော်မျိုး၏သစ္စာသမာဋ္ဌိရှိမှုသည် ကျွန်တော်မျိုးအားစောင့်ထိန်းပါစေသော။
22. အို ဘုရားသခင်၊ကိုယ်တော်ရှင်၏ဣသရေလလူမျိုးအား ဆင်းရဲဒုက္ခအပေါင်းမှကယ်တော်မူပါ။