1. အို ထာဝရဘုရား၊ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်သို့ ဆုတောင်းပတ္ထနာပြုပါ၏။
2. ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုး သည် ကိုယ်တော်ရှင်ကိုကိုးစားပါ၏။စစ်အရေးနိမ့်၍အရှက်ရခြင်းမှကျွန်တော် မျိုးအား ကယ်တော်မူပါ။ကျွန်တော်မျိုးအရေးနိမ့်သဖြင့်ရန်သူတို့အား နှစ်ထောင်းအားရခွင့်ကိုပေးတော်မမူပါနှင့်။
3. ကိုယ်တော်ရှင်ကိုကိုးစားသူတို့သည် အရေးမနိမ့်ကြပါ။ကိုယ်တော်ရှင်အားတော်လှန်ပုန်ကန်ရန်ဝန်မလေးသူများသာလျှင်အရေးနိမ့် ကြရပါ၏။