2. ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုမြေအောက် ရေနက်ရာအရပ်၌အုတ်မြစ်ချတော်မူ၏။နက်ရှိုင်းသောသမုဒ္ဒရာများအထဲတွင်အခြေ စိုက်၍ တည်ဆောက်တော်မူ၏။
3. ထာဝရဘုရား၏တောင်တော်ပေါ်သို့ တက်နိုင်မည့်သူကားအဘယ်သူနည်း။ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သောဗိမာန်တော်သို့ ဝင်နိုင်မည့်သူကားအဘယ်သူနည်း။
4. အကျင့်သီလကောင်း၍စိတ်နှလုံးဖြူစင်လျက်အခြားဘုရားများကိုမကိုးကွယ်သူ၊လိမ် လည်၍ သစ္စာကတိမပျက်တတ်သူဖြစ်ပါ၏။
5. ထာဝရဘုရားသည်ထိုသူအားကောင်းချီး ပေး၍ ကယ်တင်တော်မူလိမ့်မည်။ထိုသူသည်အပြစ်ကင်းသူဖြစ်ကြောင်း ထာဝရဘုရားသည်ကြေညာတော်မူ လိမ့်မည်။
6. ထိုကဲ့သို့သောသူများကားဘုရားသခင်ထံ တော်သို့ ချဉ်းကပ်သူများ၊ယာကုပ်၏ဘုရားကိုကိုးကွယ်ဝတ်ပြုကြ သူများပေတည်း။
7. မြို့တံခါးတို့ကိုကျယ်စွာဖွင့်လိုက်ကြ။ ရှေးဟောင်းတံခါးတို့ကိုဖွင့်လိုက်ကြ။ကြီးမြတ်တော်မူသောရှင်ဘုရင်ဝင်တော်မူ မည်။
8. ထိုကြီးမြတ်တော်မူသောရှင်ဘုရင်ကား အဘယ်သူနည်း။ထိုအရှင်ကားတန်ခိုးစွမ်းရည်ရှိတော်မူသော ထာဝရဘုရား၊စစ်ပွဲတွင်အောင်မြင်တော်မူသော ထာဝရဘုရားပေတည်း။
9. မြို့တံခါးတို့ကိုကျယ်စွာဖွင့်လိုက်ကြ။ ရှေးဟောင်းတံခါးတို့ကိုဖွင့်လိုက်ကြ။ကြီးမြတ်တော်မူသောရှင်ဘုရင်ဝင်တော် မူမည်။
10. ထိုကြီးမြတ်တော်မူသောရှင်ဘုရင်ကား အဘယ်သူနည်း။ကြီးမြတ်တော်မူသောရှင်ဘုရင်ကားစစ်ပွဲ တွင် အောင်မြင်တော်မူသောထာဝရဘုရား ပေတည်း။