ဆာ​လံ 22:8-14 Common Language Bible (BCL)

8. သူ​တို့​က``သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​အား​ကိုး ဘိ​၏။ကိုယ်​တော်​သည်​သင့်​ကို​အ​ဘယ်​ကြောင့် မ​ကယ်​ပါ​သ​နည်း။ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို နှစ်​သက်​မြတ်​နိုး​တော်​မူ​လျှင်အ​ဘယ်​ကြောင့်​သင့်​အား​ကယ်​မ​တော် မ​မူ ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။

9. ကျွန်​တော်​မျိုး​အား​ဘေး​ဥ​ပဒ်​ကင်း​ရှင်း​စွာအ​မိ​ဝမ်း​မှ​မွေး​ဖွား​စေ​တော်​မူ​သော​အ​ရှင် ကား ကိုယ်​တော်​ရှင်​ပင်​ဖြစ်​ပါ​၏။နို့​စို့​သူ​ငယ်​ဖြစ်​စဉ်​အ​ခါ​က​လည်းကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​သည် ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​ခဲ့​ပါ​၏။

10. ကျွန်​တော်​မျိုး​သည်​မွေး​ဖွား​ချိန်​မှ​အ​စ ပြု​၍ ကိုယ်​တော်​ရှင်​ကို​အား​ကိုး​ခဲ့​ပါ​၏။ထို​အ​ချိန်​မှ​စ​၍​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။

11. ကျွန်​တော်​မျိုး​နှင့်​ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​ဒုက္ခ​ရောက်​ပါ​တော့​မည်။ကူ​မ​မည့်​သူ​လည်း​တစ်​ယောက်​မျှ​မ​ရှိ​ပါ။

12. ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့​သည်​ဗာ​ရှန်​ဒေ​သ​မှကြောက်​မက်​ဖွယ်​ကောင်း​သော​နွား​သိုး​များ​ကဲ့​သို့ ကျွန်​တော်​မျိုး​ကို​ဝိုင်း​ရံ​ထား​ကြ​ပါ​၏။

13. ခြင်္သေ့​များ​ကဲ့​သို့​ခံ​တွင်း​ကို​ဟ​၍​ဟိန်း​ဟောက် ကာ ကျွန်​တော်​မျိုး​ကို​ကိုက်​ဖြတ်​မည်​ပြု​ကြ​၏။

14. ကျွန်​တော်​မျိုး​၏​ခွန်​အား​သည်​မြေ​ကြီး​ပေါ်​တွင် ဖိတ်​သည့်​ရေ​ကဲ့​သို့​ခန်း​ခြောက်​သွား​ပါ​၏။ကျွန်​တော်​မျိုး​၏​အ​ရိုး​အား​လုံး​သည် အ​ဆစ်​ပြုတ်​လျက်​နေ​ပါ​၏။ရင်​တွင်း​မှ​နှ​လုံး​သား​သည်​အ​ရည်​ပျော် သော ဖ​ယောင်း​ကဲ့​သို့​ဖြစ်​၍​နေ​ပါ​၏။

ဆာ​လံ 22