25. ကျွန်တော်မျိုးသည်ကိုယ်တော်ပြုတော်မူသော ကျေးဇူးတော်အတွက်ကိုယ်တော်အားကိုးကွယ်သူလူပရိသတ်ရှေ့တွင် ကိုယ်တော်အားထောမနာပြုပါမည်။ကျွန်တော်မျိုးသည်မိမိကတိသစ္စာပြုခဲ့သည့် အတိုင်း ယဇ်ပူဇော်ပါမည်။
26. ဆင်းရဲသူတို့သည်ဝစွာစားရကြပါလိမ့်မည်။ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ တို့သည် ကိုယ်တော်အားထောမနာပြုကြပါလိမ့်မည်။သူတို့သည်ထာဝစဉ်ကောင်းစားကြပါစေ သော။
27. လူမျိုးတကာတို့သည်ထာဝရဘုရားကို သတိရကြလိမ့်မည်။ကမ္ဘာအရပ်ရပ်မှလူမျိုးအပေါင်းတို့သည်စိတ်သဘောပြောင်းလဲ၍ကိုယ်တော်ကို ကိုးကွယ်ဆည်းကပ်ကြလိမ့်မည်။
28. ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။လူမျိုးတကာတို့ကိုအုပ်စိုးတော်မူ၏။
29. မာနကြီးသူအပေါင်းတို့သည်ကိုယ်တော်အား ဦးညွှတ်ရှိခိုးကြလိမ့်မည်။သေမျိုးဖြစ်သူလူအပေါင်းတို့သည်ရှေ့တော်၌ ဦးညွှတ်ရှိခိုးကြလိမ့်မည်။
30. အနာဂတ်လူမျိုးဆက်တို့သည်ကိုယ်တော်၏ အမှုတော်ကိုထမ်းဆောင်ကြလိမ့်မည်။ယခုလူမျိုးဆက်တို့သည်လာလတ္တံ့သောလူမျိုးဆက်အားဘုရားရှင်၏အကြောင်း တော်ကို ပြောကြားကြလိမ့်မည်။
31. ``ထာဝရဘုရားသည်မိမိ၏လူစုတော်အားကယ်တော်မူခဲ့၏'' ဟုလာလတ္တံ့သော လူမျိုးဆက်အားပြောကြားကြလိမ့်မည်။