ဆာ​လံ 22:15-30 Common Language Bible (BCL)

15. ကျွန်​တော်​မျိုး​၏​လည်​ချောင်း​သည်​မြေ​မှုန့် ကဲ့​သို့ခြောက်​လျက်​ကျွန်​တော်​မျိုး​၏​လျှာ​သည်​လည်း အာ​ခေါင်​တွင်​ကပ်​၍​နေ​ပါ​၏။ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​အား​သေ​စေ​ရန် မြေ​မှုန့်​တွင်​စွန့်​ပစ်​ထား​တော်​မူ​ပါ​ပြီ။

16. လူ​ဆိုး​တစ်​စု​သည်​ကျွန်​တော်​မျိုး​ကို ဝိုင်း​ထား​ကြ​ပါ​၏။သူ​တို့​သည်​တော​ခွေး​အုပ်​ကဲ့​သို့​ကျွန်​တော်​မျိုး အ​နီး​သို့​ချဉ်း​ကပ်​လာ​ပြီး​လျှင်ကျွန်​တော်​မျိုး​၏​ခြေ​လက်​များ​ကို​ကိုက်​ဖြတ် ကြ​ပါ​၏။

17. ကျွန်​တော်​မျိုး​၏​အ​ရိုး​များ​အား​လုံး​ပင် ပြိုင်း​ပြိုင်း ပေါ်​လာ​ပါ​၏။ရန်​သူ​တို့​သည်​ကျွန်​တော်​မျိုး​ကို​အား​ရ ဝမ်း​သာ​စွာ စူး​စိုက်​၍​ကြည့်​ကြ​ပါ​၏။

18. ကျွန်​တော်​မျိုး​၏​အ​ဝတ်​များ​ကို​သူ​တို့​သည် အ​ချင်း​ချင်း​ခွဲ​ဝေ​၍​ယူ​ကြ​ပါ​၏။ကျွန်​တော်​မျိုး​၏​ဝတ်​လုံ​ကို​မဲ​ချ​ကြ​ပါ​၏။

19. အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​နှင့်​ဝေး​ဝေး​နေ​တော်​မ​မူ​ပါ​နှင့်။ လျင်​မြန်​စွာ​ကြွ​လာ​၍​ကယ်​တော်​မူ​ပါ။

20. ဋ္ဌား​ဘေး​မှ​ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ခွေး​ကဲ့​သို့​သော​သူ​တို့​၏​ဘေး​မှ​ကျွန်​တော် မျိုး​၏ အ​သက်​ကို​ကယ်​တော်​မူ​ပါ။

21. ခြင်္သေ့​ကဲ့​သို့​ကြမ်း​ကြုတ်​သော​သူ​တို့​၏​လက်​မှ ကျွန်​တော်​မျိုး​၏​အ​သက်​ကို​ကယ်​တော်​မူ​ပါ။နွား​သိုး​ရိုင်း​ကဲ့​သို့​သော​သူ​တို့​၏​အ​ရှေ့​တွင် ကျွန်​တော်​မျိုး​သည်​ခို​ကိုး​ရာ​မဲ့​ဖြစ်​၍​နေ​ပါ​၏။

22. ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​တို့​ကိုကျွန်​တော်​မျိုး​၏​သား​ချင်း​တို့​အား​ပြော ကြား​ပါ​မည်။ထို​သူ​တို့​စည်း​ဝေး​ရာ​တွင်​ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ပါ​မည်။

23. ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​တို့၊​ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ယာ​ကုပ်​၏​သား​မြေး​တို့၊​ကိုယ်​တော်​အား ဂုဏ်​ပြု​ချီး​ကူး​ကြ​လော့။ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊​ကိုယ်​တော်​အား ဝတ်​ပြု​ကိုး​ကွယ်​ကြ​လော့။

24. ကိုယ်​တော်​သည်​ဆင်း​ရဲ​သူ​တို့​အား​ပစ်​ထား တော်​မ​မူ​ပါ။သူ​တို့​၏​ဆင်း​ရဲ​ဒုက္ခ​များ​ကို​လည်း လျစ်​လူ​ရှု​တော်​မ​မူ​ပါ။ကိုယ်​တော်​သည်​သူ​တို့​ကို​မျက်​နှာ​တော်​လွှဲ တော်​မ​မူ​ပါ။ကူ​မ​တော်​မူ​ရန်​သူ​တို့​အော်​ဟစ် တောင်း​လျှောက်​သည်​ကို​နား​ညောင်း​တော်​မူ​ပါ​၏။

25. ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ပြု​တော်​မူ​သော ကျေး​ဇူး​တော်​အ​တွက်ကိုယ်​တော်​အား​ကိုး​ကွယ်​သူ​လူ​ပ​ရိ​သတ်​ရှေ့​တွင် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ပါ​မည်။ကျွန်​တော်​မျိုး​သည်​မိ​မိ​က​တိ​သစ္စာ​ပြု​ခဲ့​သည့် အ​တိုင်း ယဇ်​ပူ​ဇော်​ပါ​မည်။

26. ဆင်း​ရဲ​သူ​တို့​သည်​ဝ​စွာ​စား​ရ​ကြ​ပါ​လိမ့်​မည်။ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​သူ တို့​သည် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။သူ​တို့​သည်​ထာ​ဝ​စဉ်​ကောင်း​စား​ကြ​ပါ​စေ သော။

27. လူ​မျိုး​တ​ကာ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို သ​တိ​ရ​ကြ​လိမ့်​မည်။ကမ္ဘာ​အ​ရပ်​ရပ်​မှ​လူ​မျိုး​အ​ပေါင်း​တို့​သည်စိတ်​သ​ဘော​ပြောင်း​လဲ​၍​ကိုယ်​တော်​ကို ကိုး​ကွယ်​ဆည်း​ကပ်​ကြ​လိမ့်​မည်။

28. ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏။လူ​မျိုး​တ​ကာ​တို့​ကို​အုပ်​စိုး​တော်​မူ​၏။

29. မာ​န​ကြီး​သူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​အား ဦး​ညွှတ်​ရှိ​ခိုး​ကြ​လိမ့်​မည်။သေ​မျိုး​ဖြစ်​သူ​လူ​အ​ပေါင်း​တို့​သည်​ရှေ့​တော်​၌ ဦး​ညွှတ်​ရှိ​ခိုး​ကြ​လိမ့်​မည်။

30. အ​နာ​ဂတ်​လူ​မျိုး​ဆက်​တို့​သည်​ကိုယ်​တော်​၏ အ​မှု​တော်​ကို​ထမ်း​ဆောင်​ကြ​လိမ့်​မည်။ယ​ခု​လူ​မျိုး​ဆက်​တို့​သည်​လာ​လတ္တံ့​သောလူ​မျိုး​ဆက်​အား​ဘု​ရား​ရှင်​၏​အ​ကြောင်း တော်​ကို ပြော​ကြား​ကြ​လိမ့်​မည်။

ဆာ​လံ 22