ဆာ​လံ 21:5-9 Common Language Bible (BCL)

5. ကိုယ်​တော်​ရှင်​ကယ်​မ​တော်​မူ​သ​ဖြင့်​မင်း​ကြီး​သည် ဘုန်း​အ​သ​ရေ​ထွန်း​တောက်​ရ​ပါ​၏။ကိုယ်​တော်​သည်​သူ့​အား​ကျော်​စော​ကိတ္တိ​နှင့် ခန့်​ညား​တင့်​တယ်​ခြင်း​ကို​ပေး​တော်​မူ​ပြီ။

6. ကိုယ်​တော်​ရှင်​၏​ကောင်း​ချီး​မင်္ဂ​လာ​များ​သည် သူ​၏​အ​ပေါ်​သို့​အ​စဉ်​သက်​ရောက်​လျက် ရှိ​ပါ​၏။သူ​၏​အ​နီး​တွင်​ကိုယ်​တော်​ရှိ​တော်​မူ​သည် ဖြစ်​၍ သူ​သည်​ရွှင်​လန်း​ဝမ်း​မြောက်​ပါ​၏။

7. မင်း​ကြီး​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား ကို ယုံ​ကြည်​ကိုး​စား​ပါ​၏။ထာ​ဝ​ရ​ဘု​ရား​၏​ခိုင်​မြဲ​သော​မေ​တ္တာ​ကြောင့် သူ​သည် ဘေး​မဲ့​လုံ​ခြုံ​တော်​မူ​ပါ​လိမ့်​မည်။

8. မင်း​ကြီး​သည်​မိ​မိ​၏​ရန်​သူ​အ​ပေါင်း​ကို ဖမ်း​ဆီး​တော်​မူ​လိမ့်​မည်။ကိုယ်​တော်​အား​မုန်း​သော​သူ​အ​ပေါင်း​တို့​ကို လက်​ရ​ဖမ်း​ဆီး​တော်​မူ​လိမ့်​မည်။

9. ကိုယ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါအ​လျှံ​ထ​လျက်​နေ​သော​မီး​သ​ဖွယ် သူ​တို့​အား​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက်​တော်​ထွက်​၍ သူ​တို့​အား​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။သူ​တို့​သည်​မီး​တွင်​ကျွမ်း​လောင်​ကုန်​လိမ့်​မည်။

ဆာ​လံ 21