ဆာ​လံ 2:5-10 Common Language Bible (BCL)

5. ထို​နောက်​ကိုယ်​တော်​သည်​အ​မျက်​တော်​ထွက် လျက် သူ​တို့​အား​သ​တိ​ပေး​တော်​မူ​သ​ဖြင့်သူ​တို့​သည်​အ​မျက်​တော်​အ​ရှိန်​ကြောင့် ကြောက်​လန့်​တုန်​လှုပ်​ကြ​ကုန်​၏။

6. ကိုယ်​တော်​က``သန့်​ရှင်း​မြင့်​မြတ်​သော ဇိ​အုန်​တောင် ပေါ်​တွင်ငါ​ရွေး​ချယ်​ထား​သော​ရှင်​ဘု​ရင်​ကို​ငါ​ကိုယ်​တိုင် တင်​မြှောက်​ပြီ'' ဟု​မိန့်​တော်​မူ​၏။

7. မင်း​ကြီး​က``ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကို ငါ​ကြေ​ငြာ​မည်။ကိုယ်​တော်​က​ငါ့​အား`သင်​သည်​ငါ​၏​သား ဖြစ်​၏။ယ​နေ့​ပင်​လျှင်​ငါ​သည်​သင်​၏​အ​ဖ​ဖြစ်​လာ ပြီ။

8. တောင်း​လော့။ လူ​မျိုး​တ​ကာ​တို့​ကို​သင့်​အား ငါ​ပေး​မည်။ကမ္ဘာ​မြေ​ပြင်​တစ်​ခု​လုံး​ကို​သင်​ပိုင်​ဆိုင်​ရ လိမ့်​မည်။

9. သင်​သည်​လူ​မျိုး​တ​ကာ​တို့​ကို​သံ​လှံ​တံ​ဖြင့် အုပ်​စိုး​လိမ့်​မည်။သူ​တို့​အား​မြေ​အိုး​ကို​ခွဲ​သ​ကဲ့​သို့အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ဖြစ်​စေ​လိမ့်​မည်' ဟု မိန့်​တော်​မူ​ပါ​၏'' ဟူ​၍​ဆို​၏။

10. အ​ချင်း​ဘု​ရင်​တို့၊ပ​ညာ​သ​တိ​ရှိ​ကြ​လော့။အ​ချင်း​မင်း​အ​ပေါင်း​တို့၊သ​တိ​မူ​ကြ​လော့။

ဆာ​လံ 2