1. တိုင်းနိုင်ငံတို့သည်အဘယ်ကြောင့်ဆူပူပုန်ကန်ရန် ကြံစည်ကြသနည်း။လူတို့သည်အဘယ်ကြောင့်အချည်းနှီး လျှို့ဝှက်ကြံစည်ကြသနည်း။
2. ထိုသူတို့၏ဘုရင်တို့သည်ပုန်ကန်ကြ၏။သူတို့၏ဘုရင်တို့သည်ထာဝရဘုရားနှင့်ကိုယ်တော်ဘိသိက်ပေးတော်မူသောဘုရင်အား ပုန်ကန်ရန်လျှို့ဝှက်တိုင်ပင်ကြ၏။
3. သူတို့က``ငါတို့သည်သူတို့စိုးမိုးမှုမှ လွတ်မြောက်အောင်ဆောင်ရွက်ကြကုန်အံ့။သူတို့၏အချုပ်အနှောင်ကိုပယ်ရှားကြ ကုန်အံ့'' ဟုဆိုကြ၏။