38. သူတို့အားကျွန်တော်မျိုးထိုးနှက်တိုက်ခိုက် လိုက်သောအခါသူတို့သည်မထနိုင်ကြ တော့ပါ။ကျွန်တော်မျိုး၏ခြေရင်းတွင်လဲ၍ အညံ့ခံကြရပါ၏။
39. ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားစစ်ပွဲ ဝင်နိုင်ရန် ခွန်အားကိုပေးတော်မူ၏။ရန်သူများအားအောင်မြင်ခွင့်ကိုလည်း ပေးတော်မူပါ၏။
40. ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ထံမှရန်သူ များကို ထွက်ပြေးစေတော်မူပါ၏။ကျွန်တော်မျိုးသည်လည်းမိမိကိုမုန်းသူတို့အား ချေမှုန်းသုတ်သင်ပစ်ပါ၏။
41. သူတို့သည်``ကယ်တော်မူပါ'' ဟုအော်ဟစ်ကြသော်လည်း၊သူတို့အား အဘယ်သူမျှမကယ်နိုင်ပါ။သူတို့သည်ထာဝရဘုရားကိုလျှောက်ထားကြသော်လည်းကိုယ်တော်သည် သူတို့အားထူးတော်မမူပါ။
42. လေတိုက်၍လွင့်ပါသွားသောမြေမှုန့်သဖွယ် ဖြစ်စေရန် သူတို့အားကျွန်တော်မျိုးချေမှုန်းပါ၏။လမ်းများပေါ်မှရွှံ့သဖွယ်သူတို့အား ကျွန်တော်မျိုးကျော်နင်းပါ၏။
43. ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ပုန်ကန်သူတို့၏ဘေးမှကယ်တော်မူ၍လူမျိုးတကာတို့ကိုအုပ်စိုးစေတော်မူပါ၏။ကျွန်တော်မျိုးသည်မိမိမသိဘူးသောလူ များကို ယခုအခါ၌အုပ်စိုးခွင့်ရပါ၏။
44. လူမျိုးခြားတို့သည်ကျွန်တော်မျိုး၏ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြပါ၏။သူတို့သည်ကျွန်တော်မျိုး၏အမိန့်ကို ကြားသောအခါနာခံကြပါ၏။
45. သူတို့သည်ရဲစွမ်းသတ္တိမရှိကြတော့ဘဲမိမိ တို့၏ ရဲတိုက်များမှတုန်လှုပ်လျက်ထွက်လာကြပါ၏။
46. ထာဝရဘုရားသည်အသက်ရှင်တော်မူ၏။ငါ့အားကွယ်ကာတော်မူသောအရှင်ကို ထောမနာပြုကြလော့။ငါ့ကိုကယ်တင်တော်မူသောထာဝရဘုရား ကြီးမြတ်တော်မူကြောင်းကိုကြွေးကြော် ကြလော့။
47. ကိုယ်တော်သည်ငါ့အားရန်သူများကို အောင်မြင်ခွင့်ပေးတော်မူ၏။လူမျိုးတကာတို့ကိုငါ၏လက်အောက်သို့ ရောက်စေတော်မူလျက်၊
48. ရန်သူများ၏လက်မှငါ့ကိုကယ်တော်မူ၏။အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားရန်သူ များကို အောင်မြင်ရသောအခွင့်ကိုပေးတော်မူ၏။အကြမ်းဖက်သူတို့၏ဘေးမှကျွန်တော်မျိုးကို ကွယ်ကာတော်မူပါ၏။
49. သို့ဖြစ်၍ကျွန်တော်မျိုးသည်လူမျိုးတကာတို့၏ ရှေ့တွင်ကိုယ်တော်ရှင်အားထောမနာပြုပါမည်။ကိုယ်တော်အားထောမနာပြုသော သီချင်းကိုဆိုပါမည်။