ဆာ​လံ 18:20-23 Common Language Bible (BCL)

20. ငါ​သည်​မှန်​ရာ​ကို​ပြု​သ​ဖြင့်​ကိုယ်​တော်​သည် ငါ့​အား​ကောင်း​ကျိုး​ကို​ချ​ပေး​တော်​မူ​၏။ငါ​သည်​အ​ပြစ်​ကင်း​သူ​ဖြစ်​၍​ကောင်း​ချီး ပေး​တော်​မူ​၏။

21. ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​ကို လိုက်​လျှောက်​ခဲ့​၏။ငါ​၏​ဘု​ရား​ထံ​တော်​မှ​ရှောင်​ခွာ​၍​မ​သွား ခဲ့​ပါ။

22. ငါ​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို စောင့်​ထိန်း​ခဲ့​၏။ကိုယ်​တော်​၏​အ​မိန့်​တော်​တို့​ကို​မ​ဖီ​ဆန်​ခဲ့​ပါ။

23. ငါ​သည်​အပြစ်​မဲ့​သူ​ဖြစ်​ကြောင်း​ကို​လည်း ကောင်း၊ဒု​စ​ရိုက်​ရှောင်​ကြဉ်​ကြောင်း​ကို​လည်း​ကောင်း ကိုယ်​တော်​သိ​တော်​မူ​၏။

ဆာ​လံ 18