17. ကိုယ်တော်သည်ငါပြိုင်၍မရနိုင်သည့်အင်အားကြီးသောရန်သူများ၏လက်မှ လည်းကောင်း၊ငါ့ကိုမုန်းသောသူအပေါင်းတို့လက်မှလည်းကောင်း ငါ့ကိုကယ်တော်မူ၏။
18. ငါဒုက္ခရောက်သောအခါသူတို့သည် ငါ့ကိုတိုက်ခိုက်ကြ၏။သို့သော်လည်းထာဝရဘုရားသည်ငါ့ကို ကွယ်ကာစောင့်ရှောက်တော်မူ၏။
19. ငါဘေးရောက်သောအခါကိုယ်တော်သည် ငါ့ကိုကူမတော်မူ၏။ငါ့ကိုနှစ်သက်တော်မူသဖြင့်ကယ်တော်မူ၏။
20. ငါသည်မှန်ရာကိုပြုသဖြင့်ကိုယ်တော်သည် ငါ့အားကောင်းကျိုးကိုချပေးတော်မူ၏။ငါသည်အပြစ်ကင်းသူဖြစ်၍ကောင်းချီး ပေးတော်မူ၏။