1. အို ထာဝရဘုရားသခင်၊ကျွန်တော်မျိုးသည်ကိုယ်တော်အားအလွန်ပင် ချစ်ခင်မြတ်နိုးပါ၏။ကိုယ်တော်သည်လည်းကျွန်တော်မျိုးအား ကာကွယ်တော်မူသောအရှင်ဖြစ်တော်မူပါ၏။
2. ထာဝရဘုရားသည်ငါ့ကိုကွယ်ကာသောအရှင်၊ ငါ၏ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။ငါ၏ဘုရားသည်ငါ့ကိုကွယ်ကာစောင့်ရှောက် တော်မူသဖြင့်ငါသည်ဘေးမဲ့လုံခြုံ၏။ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ငါ့ကို ကွယ်ကာတော်မူ၏။ငါ၏ဘက်မှခုခံတိုက်ခိုက်တော်မူ၍ငါ့အား ဘေးမဲ့လုံခြုံစွာထားတော်မူ၏။
3. ငါသည်ထာဝရဘုရားအားတောင်းလျှောက်သောအခါကိုယ်တော်သည် ငါ့အားရန်သူများ၏လက်မှကယ်တော်မူ၏။ထာဝရဘုရားအားထောမနာပြုကြလော့။
4. သေမင်း၏နှောင်ကြိုးတို့သည်ငါ့ကိုရစ်ပတ် ပါ၏။ဖျက်ဆီးခြင်းလှိုင်းလုံးများသည်ငါ၏အပေါ် သို့ လွှမ်းမိုးကြ၏။
5. သေမင်း၏နှောင်ကြိုးတို့သည်ငါ့ကိုရစ်ပတ် ပါ၏။သင်္ချိုင်းတွင်းသည်ငါ့ကိုဖမ်းရန်ကျော့ကွင်း ထောင်ထား၏။
6. ငါသည်ဒုက္ခရောက်၍ဘုရားသခင်အား လျှောက်ထားပါ၏။ကူမတော်မူရန်ငါ၏ဘုရားအားလျှောက် ထားပါ၏။ကိုယ်တော်သည်ဗိမာန်တော်ထဲမှငါ၏ အသံကိုကြားတော်မူ၏။ကူမတော်မူရန်ငါ၏အော်သံကိုကိုယ်တော် ကြားတော်မူ၏။