ဆာ​လံ 17:5-15 Common Language Bible (BCL)

5. ကိုယ်​တော်​၏​လမ်း​စဉ်​ကို​သာ​လိုက်​လျှောက်​ခဲ့​ပါ​၏။ ထို​လမ်း​စဉ်​မှ​မ​တိမ်း​မ​စောင်း​ခဲ့​ပါ။

6. အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​သည်​နား​ညောင်း​တော်​မူ တတ်​သည်​ဖြစ်​၍ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ဆု​တောင်း​ပတ္ထ​နာပြု​ပါ​၏။သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​ဘက်​သို့​လှည့်​တော်​မူ​၍ကျွန်​တော်​မျိုး​၏​ပတ္ထ​နာ​စ​ကား​များ​ကို နား​ထောင်​တော်​မူ​ပါ။

7. ကိုယ်​တော်​၏​အံ့​သြ​ဖွယ်​မေတ္တာ​တော်​ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​၍ကျွန်​တော်​မျိုး​ကို​ကယ်​တင်​တော်​မူ​ပါ။ကိုယ်​တော်​၏​ထံ​တော်​ပါး​တွင်​ကျွန်​တော်​မျိုး​သည် ရန်​သူ​များ​၏​ဘေး​မှ​ကင်း​လွတ်​လုံ​ခြုံ​ခွင့် ရ​ရှိ​ပါ​၏။

10. သူ​တို့​သည်​သ​နား​ကြင်​နာ​စိတ်​ကင်း​မဲ့​လျက် မာန်​မာ​န​ထောင်​လွှား​၍​ပြော​ဆို​နေ​ကြ​ပါ​၏။

11. သူ​တို့​သည်​ကျွန်​တော်​မျိုး​သွား​လေ​ရာ​တွင်ကျွန်​တော်​မျိုး​အား​အ​လဲ​ထိုး​ရန် စောင့်​မျှော်​ဝိုင်း​ရံ​လျက်​နေ​ကြ​ပါ​၏။

12. သူ​တို့​သည်​ခြင်္သေ့​များ​ကဲ့​သို့​ကျွန်​တော်​မျိုး​အားအ​ပိုင်း​ပိုင်း​ဆုတ်​ဖြဲ​လို​ကြ​၍​ကျွန်​တော်​မျိုး​ကို ချောင်း​မြောင်း​နေ​ကြ​ပါ​၏။

13. အို ထာ​ဝ​ရ​ဘု​ရား၊ ကြွ​လာ​တော်​မူ​ပါ။ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​ကို​တွန်း​လှန် ဖြို​ခွင်း​တော်​မူ​ပါ။ကိုယ်​တော်​ဋ္ဌား​တော်​ဖြင့်​သူ​ယုတ်​မာ​တို့​၏​လက်​မှ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။

14. ဤ​ဘ​ဝ​တွင်​အလို​ဆန္ဒ​ရှိ​သ​မျှ​အ​တိုင်းပြည့်​ဝ​ကြ​သူ​တို့​၏​လက်​မှ​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။သူ​တို့​အ​တွက်​ကိုယ်​တော်​သို​မှီး​ထား​သည့် ဆင်း​ရဲ​ဒုက္ခ​များ​အား​ဖြင့်သူ​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပါ။ဤ​ဆင်း​ရဲ​ဒုက္ခ​များ​ကို​သူ​တို့​၏ သား​သ​မီး​များ​သည်​သာ​မ​ကသူ​တို့​၏​မြေး​မြစ်​များ​သည်​လည်း ခံ​စား​ရ​စေ​တော်​မူ​ပါ။

15. ကျွန်​တော်​မျိုး​သည်​အ​ပြစ်​မ​ကူး​လွန်​ခဲ့​သ​ဖြင့် ကိုယ်​တော်​ရှင်​ကို​ဖူး​မြင်​ရ​ပါ​လိမ့်​မည်။ကျွန်​တော်​မျိုး​အိပ်​ရာ​မှ​နိုး​ထ​သော​အ​ခါ​၌ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​နှင့်​အ​တူ​ရှိ​တော် မူ​သ​ဖြင့် ရွှင်​လန်း​ဝမ်း​မြောက်​ရ​ပါ​လိမ့်​မည်။

ဆာ​လံ 17