ဆာ​လံ 17:1-13 Common Language Bible (BCL)

1. အို ထာ​ဝ​ရ​ဘု​ရား၊တ​ရား​မျှ​တ​မှု​ရ​ရန်​အ​တွက်​ကျွန်​တော်​မျိုး ပန်​ကြား​သည်​ကို​နား​ထောင်​တော်​မူ​ပါ။ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို ဂ​ရု​ပြု​တော်​မူ​ပါ။ကျွန်​တော်​မျိုး​သည်​ရိုး​ဖြောင့်​စွာ တောင်း​လျှောက်​သည်​ဖြစ်​၍ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ထောင်​တော်​မူ​ပါ။

2. ကိုယ်​တော်​သည်​အ​မှန်​တ​ရား​ကို​သိ​မြင်​တော် မူ​သ​ဖြင့်ကျွန်​တော်​မျိုး​၏​အ​ကျိုး​ကို​ထောက်​၍ တ​ရား​စီ​ရင်​တော်​မူ​ပါ။

5. ကိုယ်​တော်​၏​လမ်း​စဉ်​ကို​သာ​လိုက်​လျှောက်​ခဲ့​ပါ​၏။ ထို​လမ်း​စဉ်​မှ​မ​တိမ်း​မ​စောင်း​ခဲ့​ပါ။

6. အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​သည်​နား​ညောင်း​တော်​မူ တတ်​သည်​ဖြစ်​၍ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ဆု​တောင်း​ပတ္ထ​နာပြု​ပါ​၏။သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​ဘက်​သို့​လှည့်​တော်​မူ​၍ကျွန်​တော်​မျိုး​၏​ပတ္ထ​နာ​စ​ကား​များ​ကို နား​ထောင်​တော်​မူ​ပါ။

7. ကိုယ်​တော်​၏​အံ့​သြ​ဖွယ်​မေတ္တာ​တော်​ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​၍ကျွန်​တော်​မျိုး​ကို​ကယ်​တင်​တော်​မူ​ပါ။ကိုယ်​တော်​၏​ထံ​တော်​ပါး​တွင်​ကျွန်​တော်​မျိုး​သည် ရန်​သူ​များ​၏​ဘေး​မှ​ကင်း​လွတ်​လုံ​ခြုံ​ခွင့် ရ​ရှိ​ပါ​၏။

10. သူ​တို့​သည်​သ​နား​ကြင်​နာ​စိတ်​ကင်း​မဲ့​လျက် မာန်​မာ​န​ထောင်​လွှား​၍​ပြော​ဆို​နေ​ကြ​ပါ​၏။

11. သူ​တို့​သည်​ကျွန်​တော်​မျိုး​သွား​လေ​ရာ​တွင်ကျွန်​တော်​မျိုး​အား​အ​လဲ​ထိုး​ရန် စောင့်​မျှော်​ဝိုင်း​ရံ​လျက်​နေ​ကြ​ပါ​၏။

12. သူ​တို့​သည်​ခြင်္သေ့​များ​ကဲ့​သို့​ကျွန်​တော်​မျိုး​အားအ​ပိုင်း​ပိုင်း​ဆုတ်​ဖြဲ​လို​ကြ​၍​ကျွန်​တော်​မျိုး​ကို ချောင်း​မြောင်း​နေ​ကြ​ပါ​၏။

13. အို ထာ​ဝ​ရ​ဘု​ရား၊ ကြွ​လာ​တော်​မူ​ပါ။ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​ကို​တွန်း​လှန် ဖြို​ခွင်း​တော်​မူ​ပါ။ကိုယ်​တော်​ဋ္ဌား​တော်​ဖြင့်​သူ​ယုတ်​မာ​တို့​၏​လက်​မှ ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။

ဆာ​လံ 17