ဆာ​လံ 148:1-6 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။အ​ထက်​ဘ​ဝဂ်​ဝယ်​နေ​ထိုင်​သူ​တို့၊ကောင်း​ကင် ဘုံ​မှ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

2. ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့၊ကောင်း​ကင်​ဗိုလ်​ခြေ​အ​ပေါင်း​တို့၊ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

3. နေ​နှင့်​လ​တို့၊ကိုယ်​တော်​အား​ထော​မ​နာ​ပြု ကြ​လော့။ထွန်း​တောက်​သော​ကြယ်​တာ​ရာ​တို့၊ကိုယ်​တော် အား ထော​မ​နာ​ပြု​ကြ​လော့။

4. ကောင်း​ကင်​ဘဝဂ်​နှင့်​ကောင်း​ကင်​အ​ထက်​ရှိ ရေ​များ တို့၊ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။

5. ထို​အ​ရာ​ရှိ​သ​မျှ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏ နာ​မ​တော်​အား​ထော​မ​နာ​ပြု​ကြ​စေ။ကိုယ်​တော်​သည်​အ​မိန့်​ပေး​တော်​မူ​၍​ယင်း တို့​ကို ဖန်​ဆင်း​တော်​မူ​၏။

6. ကိုယ်​တော်​၏​အ​မိန့်​တော်​အ​ရ​ယင်း​တို့​သည်မိ​မိ​တို့​သက်​ဆိုင်​ရာ​နေ​ရာ​များ​တွင်​အ​စဉ် အ​မြဲ တည်​နေ​ရ​ကြ​၏။ယင်း​တို့​သည်​အ​မိန့်​တော်​ကို​မ​လွန်​ဆန်​နိုင်​ကြ။

11-12. ဘု​ရင်​များ​နှင့်​လူ​မျိုး​အ​ပေါင်း​တို့၊မင်း​ညီ​မင်း​သား​များ​နှင့်​အုပ်​ချုပ်​သူ​အ​ပေါင်း တို့၊ ပျို​ရွယ်​သူ​အ​မျိုး​သား​နှင့်​အ​မျိုး​သ​မီး​တို့၊လူ​အို​နှင့်​က​လေး​သူ​ငယ်​တို့၊ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လော့။

ဆာ​လံ 148