ဆာ​လံ 145:7-18 Common Language Bible (BCL)

7. သူ​တို့​သည်​ကိုယ်​တော်​ကောင်း​မြတ်​တော်​မူ​ကြောင်း​ကိုမြွက်​ဆို​၍​ကိုယ်​တော်​ကောင်း​မြတ်​တော်​မူ​ကြောင်း သီ​ချင်း​ဆို​ကြ​ပါ​လိမ့်​မည်။

8. ထာ​ဝ​ရ​ဘု​ရား​သည်​ချစ်​တတ်​သော​သ​ဘော၊ သည်း​ခံ​တတ်​သော​သ​ဘော​ရှိ​တော်​မူ​၍ခိုင်​မြဲ​သော​မေတ္တာ​တော်​နှင့်​ကြွယ်​ဝ​တော် မူ​၏။

9. ကိုယ်​တော်​သည်​လူ​တိုင်း​ကို​ကျေး​ဇူး​ပြု​တော် မူ​၍မိ​မိ​ဖန်​ဆင်း​တော်​မူ​သ​မျှ​သော​သတ္တ​ဝါ​တို့ အား က​ရု​ဏာ​ထား​တော်​မူ​၏။

10. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​သောသတ္တ​ဝါ​တို့​သည်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ ပြု​ကြ​ပါ​လိမ့်​မည်။ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ကျေး​ဇူး တော်​ကို ချီး​မွမ်း​ကြ​ပါ​လိမ့်​မည်။

11. သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ တော်​နှင့်အာ​နု​ဘော်​တော်​အကြောင်း​ကို​ပြော​ကြား ပါ​လိမ့်​မည်။

12. ဤ​နည်း​အား​ဖြင့်​လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော် ရှင်​၏ မ​ဟာ​အ​မှု​တော်​တို့​ကို​လည်း​ကောင်း၊နိုင်​ငံ​တော်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​လည်း ကောင်း သိ​ရှိ​ကြ​ပါ​လိမ့်​မည်။

13. ကိုယ်​တော်​ရှင်​၏​နိုင်​ငံ​တော်​သည်​နိစ္စ​ထာ​ဝ​ရ တည်​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​လည်း​ထာ​ဝ​ရ​ဘု​ရင် ဖြစ်​တော်​မူ​ပါ​၏။ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​က​တိ​တော်​တို့​ကို တည်​စေ​တော်​မူ​၍ပြု​တော်​မူ​သ​မျှ​သော​အ​မှု​တို့​တွင်​မေတ္တာ​တော်​ကို ဖော်​ပြ​တော်​မူ​၏။

14. ကိုယ်​တော်​သည်​ဒုက္ခ​ရောက်​သူ​အ​ပေါင်း​ကို ကူ​မ​တော်​မူ​၏။လဲ​ကျ​နေ​သူ​အ​ပေါင်း​ကို​ကူ​မ​တော်​မူ​၏။

15. သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​ကို မျှော်​ကြည့်​ကြ​၏။ကိုယ်​တော်​သည်​သူ​တို့​ကို​အ​ချိန်​တန်​လျှင် ကျွေး​မွေး​တော်​မူ​၏။

16. ကိုယ်​တော်​သည်​သူ​တို့​၏​လို​အင်​များ​ကို လုံ​လောက်​စွာဖြည့်​တင်း​ပေး​ကာ​သူ​တို့​ကို​ရောင့်​ရဲ​စေ​တော်​မူ​၏။

17. ထာ​ဝ​ရ​ဘု​ရား​သည်​ပြု​လေ​သ​မျှ​သောအ​မှု​တို့​တွင်​ဖြောင့်​မတ်​ခြင်း​နှင့်​က​ရု​ဏာ တော်​ကို ဖော်ပြ​တော်​မူ​၏။

18. ကိုယ်​တော်​သည်​မိ​မိ​အား​စိတ်​ရော​ကိုယ်​ပါပတ္ထ​နာ​ပြု​ကြ​သူ​အ​ပေါင်း​တို့​၏​အ​နီး​တွင် ရှိ​တော်​မူ​၏။

ဆာ​လံ 145