1. ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုး၏ဘုရင်၊ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် ကြီးမြတ်တော်မူပုံကိုထုတ်ဖော်ကြေညာပါမည်။ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုကာလအစဉ် အဆက် ချီးမွမ်းပါမည်။
2. နေ့စဉ်နေ့တိုင်းကိုယ်တော်ရှင်၏ကျေးဇူးတော်ကို ချီးမွမ်းပါမည်။ကာလအစဉ်အဆက်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။
3. ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍ ထောမနာပြုခြင်းကိုအလွန်ခံထိုက်တော်မူ၏။ကြီးမြတ်တော်မူပုံကိုဆင်ခြင်တိုင်းထွာ၍ မရနိုင်။
4. ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်ကိုလူတို့သည်သားစဉ်မြေးဆက်ထောမနာပြု ပါလိမ့်မည်။သူတို့သည်ကိုယ်တော်ရှင်၏အံ့သြဖွယ်ကောင်းသောမဟာအမှုတော်တို့ကိုထုတ်ဖော်ကြေညာ ကြပါလိမ့်မည်။
5. သူတို့သည်ကိုယ်တော်ရှင်၏ဘုန်းအသရေ တော်နှင့် အာနုဘော်တော်ကိုပြောကြားကြပါလိမ့်မည်။ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ပြုတော်မူသောအံ့သြဖွယ်အမှုတော်တို့ကိုစဉ်းစားဆင်ခြင် ပါမည်။
6. လူတို့သည်ကိုယ်တော်ရှင်၏အံ့သြဖွယ်ကောင်းသော မဟာအမှုတော်တို့ကိုကြားပြောကြပါလိမ့်မည်။ကျွန်တော်မျိုးသည်လည်းကိုယ်တော်ရှင်၏ ကြီးမြတ်တော်မူပုံကိုထုတ်ဖော်ကြေညာပါမည်။
7. သူတို့သည်ကိုယ်တော်ကောင်းမြတ်တော်မူကြောင်းကိုမြွက်ဆို၍ကိုယ်တော်ကောင်းမြတ်တော်မူကြောင်း သီချင်းဆိုကြပါလိမ့်မည်။