ဆာ​လံ 143:8-12 Common Language Bible (BCL)

8. နံ​နက်​ချိန်​တိုင်း​၌​ကျွန်​တော်​မျိုး​အားကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို သ​တိ​ရ​စေ​တော်​မူ​ပါ။ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏။ကျွန်​တော်​မျိုး​လျှောက်​သင့်​သည့်​လမ်း​ကို ပြ​ညွှန်​တော်​မူ​ပါ။

9. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ကို​ခို​လှုံ​ရန်​ကျွန်​တော်​မျိုး​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ပါ​၏။ကျွန်​တော်​မျိုး​အား​ရန်​သူ​များ​၏​လက်​မှ ကယ်​တော်​မူ​ပါ။

10. ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​၏​အ​လို​တော်​အ​တိုင်း​ဆောင်​ရွက်​ရန် ကျွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​ပါ။ကျွန်​တော်​မျိုး​အား​ကျေး​ဇူး​ပြု​တော်​မူ​၍ ဘေး​မဲ့​လုံ​ခြုံ​ရာ​လမ်း​ကို​ညွှန်​ပြ​တော်​မူ​ပါ။

11. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကျွန်​တော်​မျိုး​အား​ကယ်​ဆယ်​တော်​မူ​ပါ။ကောင်း​မြတ်​တော်​မူ​သည်​နှင့်​အ​ညီ​ကျွန်​တော် မျိုး​အား ဆင်း​ရဲ​ဒုက္ခ​များ​မှ​ကယ်​တော်​မူ​ပါ။

12. ကျွန်​တော်​မျိုး​အ​ပေါ်​၌​ထား​ရှိ​သော​မေတ္တာ တော်​ကို ထောက်​၍​ရန်​သူ​များ​အား​ကွပ်​မျက်​တော်​မူ​ပါ။ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ ဖြစ်​သ​ဖြင့်ကျွန်​တော်​မျိုး​ကို​ဖိ​နှိပ်​ညှဉ်း​ဆဲ​သူ​အ​ပေါင်း တို့​ကို သုတ်​သင်​တော်​မူ​ပါ။

ဆာ​လံ 143