ဆာ​လံ 143:1-8 Common Language Bible (BCL)

1. အို ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို ကြား​တော်​မူ​ပါ။ဖြောင့်​မတ်​တော်​မူ​သည်​ဖြစ်​၍​ကျွန်​တော်​မျိုး အ​သ​နား​ခံ​သည်​ကို​နား​ထောင်​တော်​မူ​ပါ။သစ္စာ​စောင့်​တော်​မူ​သည်​ဖြစ်​၍ကျွန်​တော်​မျိုး​၏​ပန်​ကြား​လျှောက်​ထား​သည်​ကို နား​ညောင်း​တော်​မူ​ပါ။

2. ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး​နှင့် တ​ရား​ဆိုင်​တော်​မ​မူ​ပါ​နှင့်။ရှေ့​တော်​တွင်​အ​ပြစ်​ကင်း​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ​ပါ။

3. ရန်​သူ​သည်​ကျွန်​တော်​မျိုး​အား​လိုက်​လံ​၍​မီ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား​လုံး​ဝ​အ​ရေး​ရှုံး​နိမ့်​စေ​ပါ​ပြီ။သူ​သည်​ကျွန်​တော်​မျိုး​ကို​မှောင်​သော​အ​ရပ်​တွင် ချုပ်​နှောင်​ထား​ပြီ​ဖြစ်​၍ကျွန်​တော်​မျိုး​သည်​ရှေး​လွန်​လေ​ပြီး​သော အ​ခါ​က သေ​လွန်​ခဲ့​သူ​ကဲ့​သို့​ဖြစ်​ပါ​၏။

4. သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​လက်​လျှော့​၍ အ​ရှုံး​ပေး​ရန်​အ​သင့်​ရှိ​ပါ​ပြီ။အ​လွန်​စိတ်​ပျက်​အား​လျော့​လျက်​နေ​ပါ​၏။

5. ကျွန်​တော်​မျိုး​သည်​ကုန်​လွန်​ခဲ့​သည့်​နေ့​ရက်​တို့​ကို အောက်​မေ့​သ​တိ​ရ​ပါ​၏။ကိုယ်​တော်​ရှင်​ပြု​တော်​မူ​ခဲ့​သော​အ​မှု​အ​ရာ ရှိ​သ​မျှ​တို့​ကို​ဆင်​ခြင်​ပါ​၏။ကိုယ်​တော်​ရှင်​၏​လက်​ရာ​တော်​တို့​ကို​စဉ်း​စား​ပါ​၏။

6. ကျွန်​တော်​မျိုး​သည်​လက်​အုပ်​ချီ​၍​ကိုယ်​တော်​ရှင်​၏ ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။ရေ​ငတ်​သော​မြေ​ကဲ့​သို့​ကျွန်​တော်​မျိုး​၏ ဝိညာဉ်​သည် ကိုယ်​တော်​ရှင်​ကို​တောင့်​တ​ပါ​၏။

7. အို ထာ​ဝ​ရ​ဘု​ရား၊ယ​ခု​ပင်​လျှင်​ကျွန်​တော်​မျိုး​ပန်​ကြား လျှောက်​ထား​ချက်​ကို​နား​ညောင်း​တော်​မူ​ပါ။ကျွန်​တော်​မျိုး​သည်​လုံး​ဝ​မျှော်​လင့်​ရာ​မဲ့​လျက် နေ​ပါ​ပြီ။ကျွန်​တော်​မျိုး​အား​မျက်​နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်။ယင်း​သို့​ပြု​တော်​မူ​ပါ​လျှင်​ကျွန်​တော်​မျိုး​သည်မ​ရ​ဏာ​နိုင်​ငံ​သို့​သွား​ရ​သူ​ကဲ့​သို့​ဖြစ်​ပါ​လိမ့်​မည်။

8. နံ​နက်​ချိန်​တိုင်း​၌​ကျွန်​တော်​မျိုး​အားကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို သ​တိ​ရ​စေ​တော်​မူ​ပါ။ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏။ကျွန်​တော်​မျိုး​လျှောက်​သင့်​သည့်​လမ်း​ကို ပြ​ညွှန်​တော်​မူ​ပါ။

ဆာ​လံ 143