ဆာ​လံ 139:17-21 Common Language Bible (BCL)

17. အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​၏​အ​ကြံ​အ​စည်​တော်​တို့​သည် ကျွန်​တော်​မျိုး​အ​တွက်​ခက်​ခဲ​နက်​နဲ​လှ​ပါ​၏။ယင်း​တို့​သည်​များ​ပြား​လှ​ပါ​သည်​တ​ကား။

18. ထို​အကြံ​အ​စည်​တော်​တို့​ကို​ကျွန်​တော်​မျိုး ရေ​တွက်​ရ​မည်​ဆို​သော်ယင်း​တို့​သည်​သဲ​လုံး​များ​ထက်​များ​ပါ​လိမ့်​မည်။အိပ်​ရာ​မှ​နိုး​ထ​သော​အ​ခါ​၌​ကျွန်​တော်​မျိုး သည် ကိုယ်​တော်​ရှင်​နှင့်​အ​တူ​ရှိ​နေ​ဦး​မည်။

19. အို ဘု​ရား​သ​ခင်၊သူ​ယုတ်​မာ​တို့​အား​ကိုယ်​တော်​ရှင် ကွပ်​မျက်​တော်​မူ​ပါ​စေ​သော။အ​ကြမ်း​ဖက်​သ​မား​တို့​သည်​ကျွန်​တော်​မျိုး​ထံ​မှ ထွက်​သွား​စေ​တော်​မူ​ပါ။

20. သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​အ​ကြောင်း​တော်​ကို ယုတ်​မာ​စွာ​ပြော​ဆို​ကြ​ပါ​၏။ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​ပုတ်​ခတ် ပြော​ဆို​ကြ​ပါ​၏။

21. အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​ကို​ပုန်​ကန်​သူ​တို့​အား ကျွန်​တော်​မျိုး​လွန်​စွာ​စက်​ဆုပ်​ပါ​၏။

ဆာ​လံ 139