6. သူတို့သည်အိမ်ခေါင်မိုးပေါ်တွင်ပေါက်၍မကြီးထွားမီခြောက်သွေ့သွားသည့် မြက်ပင်များကဲ့သို့ဖြစ်ပါစေသော။
7. ထိုမြက်တို့ကိုအဘယ်သူမျှစုသိမ်းသယ်ယူမှုကို ပြုလိမ့်မည်မဟုတ်။
8. ``ထာဝရဘုရားသည်သင်တို့ကိုကောင်းချီး ပေးတော်မူပါစေသော။ထာဝရဘုရား၏နာမတော်ကိုအမှီပြု၍ငါတို့သည်သင်တို့အားကောင်းချီးပေး ပါ၏'' ဟူ၍အနီးမှဖြတ်သန်းသွားလာသူတို့ကသူတို့အား ပြောဆိုကြလိမ့်မည်မဟုတ်။