2. ငါတို့သည်များစွာရယ်မောကြရလျက် ပျော်ရွှင်စွာသီချင်းဆိုကြရ၏။ထိုအခါအခြားလူမျိုးတို့က``ထာဝရဘုရားသည်ဤသူတို့အတွက်ကြီးမြတ်သောအမှုတို့ကိုပြုတော်မူပါသည် တကား'' ဟုဆိုကြ၏။
3. ကိုယ်တော်သည်အမှန်ပင်ငါတို့အတွက် ကြီးမြတ်သောအမှုကိုပြုတော်မူပြီ။ငါတို့သည်အလွန်ရွှင်လန်းဝမ်းမြောက်ခဲ့ ကြ ပါသည်တကား။
4. အို ထာဝရဘုရား၊မိုးရေသည်ခြောက်သွေ့သည့်ချောင်းများကို ရေဖြင့်တစ်ဖန်ပြည့်စေသကဲ့သို့ကျွန်တော်မျိုးတို့ကိုတစ်ဖန်ကြီးပွားတိုးတက် စေတော်မူပါ။
5. မျက်ရည်ကျလျက်စိုက်ပျိုးကြရသူတို့အားဝမ်းမြောက်စွာသီးနှံများရိတ်သိမ်းရသော အခွင့်ကိုပေးတော်မူပါ။