4. အို ထာဝရဘုရား၊ဖြောင့်မတ်သူ၊ကိုယ်တော်ရှင်၏အမိန့်ကိုနာခံ သူများအားကျေးဇူးပြုတော်မူပါ။
5. သို့ရာတွင်မကောင်းမှုပြုသူတို့အားအပြစ်ဒဏ် စီရင်တော်မူသောအခါနည်းလမ်းတော်ကိုစွန့်သူတို့ကိုလည်း အပြစ်ဒဏ်စီရင်တော်မူပါ။ဣသရေလအမျိုးသားတို့သည်ငြိမ်းချမ်း သာယာမှုကိုခံစားရကြပါစေသော။