ဆာ​လံ 121:5-8 Common Language Bible (BCL)

5. ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​စောင့်​ကြပ်​တော် မူ​လိမ့်​မည်။ကိုယ်​တော်​သည်​သင်​၏​အ​နီး​တွင်​ရှိ​သော​သင့်​ကို ကွယ်​ကာ​ရာ​အ​ရိပ်​ဖြစ်​တော်​မူ​၏။

6. နေ​သည်​နေ့​အ​ခါ​၌​လည်း​ကောင်း၊လ​သည်​ညဥ့်​အ​ခါ​၌​လည်း​ကောင်း သင့်​ကို​ဥ​ပဒ်​ပေး​လိမ့်​မည်​မ​ဟုတ်။

7. ထာ​ဝ​ရ​ဘု​ရား​သည်​ဘေး​အန္တ​ရာယ်​အ​ပေါင်း တို့​မှ သင့်​ကို​ကွယ်​ကာ​တော်​မူ​လိမ့်​မည်။သင့်​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​လိမ့်​မည်။

8. ကိုယ်​တော်​သည်​ယ​ခု​မှ​စ​၍​ကာ​လ​အ​စဉ်​မ​ပြတ်သင်​သွား​လာ​လေ​ရာ​တို့​၌​သင့်​အား ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။

ဆာ​လံ 121