ဆာ​လံ 119:68-78 Common Language Bible (BCL)

68. ကိုယ်​တော်​ရှင်​သည်​လွန်​စွာ​ကောင်း​မြတ်​၍ သ​နား​ကြင်​နာ​တော်​မူ​ပါ​၏။ကွန်​တော်​မျိုး​အား​အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို သွန်​သင်​တော်​မူ​ပါ။

69. မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​၏ အ​ကြောင်း​ကို​လိမ်​လည်​၍​ပြော​ဆို​ကြ​ပါ​၏။ကွန်​တော်​မျိုး​မူ​ကား​ဥ​ပ​ဒေ​သ​တို့​ကို အ​စွမ်း​ကုန် လိုက်​နာ​ပါ​၏။

70. ထို​သူ​တို့​သည်​အ​သိ​ဉာဏ်​ရှိ​သူ​မား​မ​ဟုတ်​ပါ။ကွန်​တော်​မျိုး​မူ​ကား​ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို နှစ်​သက်​ပါ​၏။

71. ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​သည်​မှာ​ကွန်​တော် မျိုး အ​တွက်​ကောင်း​ပါ​၏။အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့​ခံ​ရ​ခြင်း​အား​ဖြင့် ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို​သိ​ရှိ​နား​လည်​၍ လာ​သော​ကြောင့်​ဖြစ်​ပါ​၏။

72. ကိုယ်​တော်​ရှင်​ပေး​တော်​မူ​သော​တ​ရား​တော်​သည်ကွန်​တော်​မျိုး​အ​တွက်​လော​က​ရေ"​ငွေ ရှိ​သ​မှ​ထက်​ပို​၍​အ​ဖိုး​ထိုက်​ပါ​၏။

73. ကိုယ်​တော်​ရှင်​သည်​ကွန်​တော်​မျိုး​ကို​ဖန်​ဆင်း​တော်​မူ​၍ ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​၏​ပ​ညတ်​တော်​တို့​ကို​သိ​ရှိ နား​လည်​နိုင်​ရန်ကွန်​တော်​မျိုး​အား​အ​သိ​ဉာဏ်​ကို​ပေး​တော်​မူ​ပါ။

74. ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​က​တိ​တော်​ကို အား​ကိုး​သည်​ဖြစ်​၍ကိုယ်​တော်​ရှင်​အား​ကြောက်​ရွံ့​ရို​သေ​သူ​တို့​သည်ကွန်​တော်​မျိုး​ကို​မြင်​၍​ဝမ်း​မြောက်​ကြ​ပါ​လိမ့်​မည်။

75. အို ထာ​ဝ​ရ​ဘု​ရား"ကိုယ်​တော်​ရှင်​၏​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ခက် တို့​သည် တ​ရား​မှ​တ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း"သစ္စာ​တော်​နှင့်​အ​ညီ​ကွန်​တော်​မျိုး​အားဒဏ်​ခတ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ကွန်​တော်​မျိုး​သိ​ပါ​၏။

76. က​တိ​တော်​ရှိ​သည်​အ​တိုင်း​ကိုယ်​တော်​ရှင်​၏ ခိုင်​မြဲ​သော​မေတ္တာ​တော်​သည်ကိုယ်​တော့်​အ​စေ​ခံ​ဖြစ်​သူ​ကွန်​တော်​မျိုး​အား စိတ်​သက်​သာ​မှု​ကို​ပေး​တော်​မူ​ပါ​စေ​သော။

77. ကွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​တ​ရား တော်​ကို နှစ်​သက်​မြတ်​နိုး​သည်​ဖြစ်​၍ကွန်​တော်​မျိုး​အား​သ​နား​တော်​မူ​ပါ။သို့​ပြု​လှင်​ကွန်​တော်​မျိုး​အ​သက်​ရှင်​ရ​ပါ လိမ့်​မည်။

78. မာန်​မာ​န​ကြီး​သူ​တို့​သည်​ကွန်​တော်​မျိုး​အား လိမ်​လည် စွပ်​စွဲ​ကြ​သည့်​အ​တွက်​အ​ရှက်​ရ​ကြ​ပါ​စေ​သော။ကွန်​တော်​မျိုး​အ​ဖို့​မှာ​မူ​ကိုယ်​တော်​ရှင်​၏ ဥ​ပ​ဒေ​သ​တော်​တို့​ကို​ဆင်​ခြင်​ပါ​မည်။

ဆာ​လံ 119