2. ``ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ်တည်ပါ၏'' ဟုဣသရေလ အမျိုးသားတို့ဝန်ခံကြစေ။
3. ``ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ်တည်တော်မူပါ၏'' ဟုဘုရားသခင်၏ ယဇ်ပုရောဟိတ်တို့ဝန်ခံကြစေ။
4. ``ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူပါ၏'' ဟုကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူအပေါင်းတို့ ဝန်ခံကြစေ။
5. ငါသည်အလွန်ဒုက္ခရောက်သဖြင့်ထာဝရ ဘုရားအား ပတ္ထနာပြုပါ၏။ကိုယ်တော်သည်လည်းထူးတော်မူ၍ ငါ့ကိုလွတ်မြောက်စေတော်မူ၏။
6. ထာဝရဘုရားသည်ငါနှင့်အတူ ရှိတော်မူသည်ဖြစ်၍ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ လူသည် ငါ့ကိုအဘယ်သို့ပြုနိုင်ပါသနည်း။
7. ငါ့ကိုကူမတော်မူသောအရှင်သည် ထာဝရဘုရားဖြစ်တော်မူသဖြင့်ငါသည်ရန်သူများအရေးရှုံးနိမ့်ကြ သည်ကို မြင်ရလိမ့်မည်။
8. လူကိုအားကိုးသည်ထက်ထာဝရဘုရားကို အားကိုးခြင်းကပို၍ကောင်း၏။
9. လူ့ခေါင်းဆောင်တို့ကိုကိုးစားသည်ထက်ထာဝရဘုရားကိုကိုးစားခြင်းကပို၍ ကောင်း၏။
15-16. ``ထာဝရဘုရားသည်မဟာတန်ခိုးတော် အားဖြင့်အံ့သြဖွယ်ကောင်းသောအမှုတို့ကိုပြု တော်မူလေပြီ။ကြီးမားသည့်တန်ခိုးတော်ကြောင့်ငါတို့သည်အောင်ပွဲကိုရရှိလေပြီ'' ဟုဘုရားသခင်၏ လူစုတော်သည်မိမိတို့တဲများမှဝမ်းမြောက်စွာအောင်သံပေး၍ ကြွေးကြော်ကြသည်ကိုနားထောင်ကြလော့။
17. ငါသည်မသေသေးဘဲအသက်ရှင်၍ထာဝရ ဘုရား ပြုတော်မူသောအမှုတော်ကိုဖော်ပြမည်။
18. ကိုယ်တော်သည်ငါ့ကိုကြပ်တည်းစွာဆုံးမတော်မူသော်လည်းသေမင်း၏လက်သို့ အပ်တော်မမူ။
19. ငါ၏အတွက်ဗိမာန်တော်တံခါးတို့ကိုဖွင့် လိုက်ကြ။ငါသည်ဝင်၍ထာဝရဘုရားအားထောမနာ ပြုမည်။
20. ဤတံခါးသည်ထာဝရဘုရား၏တံခါးဖြစ်၍ သူတော်ကောင်းတို့သာလျှင်ဝင်ရကြ၏။
21. အို ထာဝရဘုရား၊ကိုယ်တော်သည်ကျွန်တော်မျိုးလျှောက်ထား ချက်ကို ကြားတော်မူ၍ကျွန်တော်မျိုးအားအောင်ပွဲကိုပေးတော်မူ သဖြင့်ကျွန်တော်မျိုးသည်ကိုယ်တော်အားထောမနာ ပြုပါ၏။
22. တိုက်ကိုတည်ဆောက်သူတို့ပစ်ပယ်ထားသောကျောက်သည်အရေးအကြီးဆုံးဖြစ်သော ထောင့်ချုပ်ကျောက်ဖြစ်လာရ၏။
23. ဤအမှုကားဘုရားသခင်ပြုတော်မူသော အမှုဖြစ်၏။ငါတို့မျက်မှောက်၌အံ့သြဖွယ် ကောင်းလှပါသည်တကား။
24. ဤနေ့ရက်သည်ထာဝရဘုရားအောင်ပွဲ ခံတော်မူသောနေ့ရက်ဖြစ်၍ငါတို့သည်ဝမ်းမြောက်ရွှင်လန်းစွာကျင်းပ ကြကုန်အံ့။
25. အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားအောင်မြင်ခွင့်ကိုပေးတော် မူပါ။
26. ထာဝရဘုရား၏အခွင့်နှင့်ကြွလာသောသူအား ဘုရားသခင်ကောင်းချီးပေးတော်မူပါစေသော။ငါတို့သည်ထာဝရဘုရား၏အိမ်တော်မှနေ၍ ကိုယ်တော်ကိုကောင်းချီးပေးပါ၏။
27. ထာဝရဘုရားသည်ဘုရားဖြစ်တော်မူ၏။ကိုယ်တော်သည်ငါတို့အားကျေးဇူးပြုတော်မူပြီ။သင်တို့သည်သစ်ခက်များကိုင်၍၊ပွဲသဘင်ကိုအစပြုကာယဇ်ပလ္လင်ကိုလှည့်၍ ချီတက်ကြလော့။