14. ထာဝရဘုရားသည်ငါ့အားတန်ခိုးစွမ်းရည် ကြီးမားစေတော်မူ၏။ကိုယ်တော်သည်ငါ့ကိုကယ်တင်တော်မူ ပြီ။
15-16. ``ထာဝရဘုရားသည်မဟာတန်ခိုးတော် အားဖြင့်အံ့သြဖွယ်ကောင်းသောအမှုတို့ကိုပြု တော်မူလေပြီ။ကြီးမားသည့်တန်ခိုးတော်ကြောင့်ငါတို့သည်အောင်ပွဲကိုရရှိလေပြီ'' ဟုဘုရားသခင်၏ လူစုတော်သည်မိမိတို့တဲများမှဝမ်းမြောက်စွာအောင်သံပေး၍ ကြွေးကြော်ကြသည်ကိုနားထောင်ကြလော့။
17. ငါသည်မသေသေးဘဲအသက်ရှင်၍ထာဝရ ဘုရား ပြုတော်မူသောအမှုတော်ကိုဖော်ပြမည်။
18. ကိုယ်တော်သည်ငါ့ကိုကြပ်တည်းစွာဆုံးမတော်မူသော်လည်းသေမင်း၏လက်သို့ အပ်တော်မမူ။
19. ငါ၏အတွက်ဗိမာန်တော်တံခါးတို့ကိုဖွင့် လိုက်ကြ။ငါသည်ဝင်၍ထာဝရဘုရားအားထောမနာ ပြုမည်။
20. ဤတံခါးသည်ထာဝရဘုရား၏တံခါးဖြစ်၍ သူတော်ကောင်းတို့သာလျှင်ဝင်ရကြ၏။
21. အို ထာဝရဘုရား၊ကိုယ်တော်သည်ကျွန်တော်မျိုးလျှောက်ထား ချက်ကို ကြားတော်မူ၍ကျွန်တော်မျိုးအားအောင်ပွဲကိုပေးတော်မူ သဖြင့်ကျွန်တော်မျိုးသည်ကိုယ်တော်အားထောမနာ ပြုပါ၏။
22. တိုက်ကိုတည်ဆောက်သူတို့ပစ်ပယ်ထားသောကျောက်သည်အရေးအကြီးဆုံးဖြစ်သော ထောင့်ချုပ်ကျောက်ဖြစ်လာရ၏။
23. ဤအမှုကားဘုရားသခင်ပြုတော်မူသော အမှုဖြစ်၏။ငါတို့မျက်မှောက်၌အံ့သြဖွယ် ကောင်းလှပါသည်တကား။
24. ဤနေ့ရက်သည်ထာဝရဘုရားအောင်ပွဲ ခံတော်မူသောနေ့ရက်ဖြစ်၍ငါတို့သည်ဝမ်းမြောက်ရွှင်လန်းစွာကျင်းပ ကြကုန်အံ့။