12. သူတို့သည်ပျားများကဲ့သို့ငါ့ထံသို့ ဝိုင်းအုံ၍ လာကြသော်လည်းဆူးချုံကိုလောင်သောမီးကဲ့သို့လျင်မြန်စွာ ချုပ်ငြိမ်း၍သွားကြ၏။ငါသည်ထာဝရဘုရား၏တန်ခိုးတော်အားဖြင့် သူတို့ကိုသုတ်သင်ဖျက်ဆီးပစ်လိုက်၏။
13. ငါသည်ပြင်းထန်စွာတိုက်ခိုက်ခြင်းကိုခံရ၍ အရေးရှုံးနိမ့်နေသော်လည်းထာဝရဘုရားသည်ငါ့ကိုကူမတော်မူ၏။
14. ထာဝရဘုရားသည်ငါ့အားတန်ခိုးစွမ်းရည် ကြီးမားစေတော်မူ၏။ကိုယ်တော်သည်ငါ့ကိုကယ်တင်တော်မူ ပြီ။
15-16. ``ထာဝရဘုရားသည်မဟာတန်ခိုးတော် အားဖြင့်အံ့သြဖွယ်ကောင်းသောအမှုတို့ကိုပြု တော်မူလေပြီ။ကြီးမားသည့်တန်ခိုးတော်ကြောင့်ငါတို့သည်အောင်ပွဲကိုရရှိလေပြီ'' ဟုဘုရားသခင်၏ လူစုတော်သည်မိမိတို့တဲများမှဝမ်းမြောက်စွာအောင်သံပေး၍ ကြွေးကြော်ကြသည်ကိုနားထောင်ကြလော့။
17. ငါသည်မသေသေးဘဲအသက်ရှင်၍ထာဝရ ဘုရား ပြုတော်မူသောအမှုတော်ကိုဖော်ပြမည်။
18. ကိုယ်တော်သည်ငါ့ကိုကြပ်တည်းစွာဆုံးမတော်မူသော်လည်းသေမင်း၏လက်သို့ အပ်တော်မမူ။
19. ငါ၏အတွက်ဗိမာန်တော်တံခါးတို့ကိုဖွင့် လိုက်ကြ။ငါသည်ဝင်၍ထာဝရဘုရားအားထောမနာ ပြုမည်။
20. ဤတံခါးသည်ထာဝရဘုရား၏တံခါးဖြစ်၍ သူတော်ကောင်းတို့သာလျှင်ဝင်ရကြ၏။
21. အို ထာဝရဘုရား၊ကိုယ်တော်သည်ကျွန်တော်မျိုးလျှောက်ထား ချက်ကို ကြားတော်မူ၍ကျွန်တော်မျိုးအားအောင်ပွဲကိုပေးတော်မူ သဖြင့်ကျွန်တော်မျိုးသည်ကိုယ်တော်အားထောမနာ ပြုပါ၏။
22. တိုက်ကိုတည်ဆောက်သူတို့ပစ်ပယ်ထားသောကျောက်သည်အရေးအကြီးဆုံးဖြစ်သော ထောင့်ချုပ်ကျောက်ဖြစ်လာရ၏။
23. ဤအမှုကားဘုရားသခင်ပြုတော်မူသော အမှုဖြစ်၏။ငါတို့မျက်မှောက်၌အံ့သြဖွယ် ကောင်းလှပါသည်တကား။
24. ဤနေ့ရက်သည်ထာဝရဘုရားအောင်ပွဲ ခံတော်မူသောနေ့ရက်ဖြစ်၍ငါတို့သည်ဝမ်းမြောက်ရွှင်လန်းစွာကျင်းပ ကြကုန်အံ့။
25. အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားအောင်မြင်ခွင့်ကိုပေးတော် မူပါ။
26. ထာဝရဘုရား၏အခွင့်နှင့်ကြွလာသောသူအား ဘုရားသခင်ကောင်းချီးပေးတော်မူပါစေသော။ငါတို့သည်ထာဝရဘုရား၏အိမ်တော်မှနေ၍ ကိုယ်တော်ကိုကောင်းချီးပေးပါ၏။
27. ထာဝရဘုရားသည်ဘုရားဖြစ်တော်မူ၏။ကိုယ်တော်သည်ငါတို့အားကျေးဇူးပြုတော်မူပြီ။သင်တို့သည်သစ်ခက်များကိုင်၍၊ပွဲသဘင်ကိုအစပြုကာယဇ်ပလ္လင်ကိုလှည့်၍ ချီတက်ကြလော့။
28. ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရားသခင် ဖြစ်တော်မူ၍ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ကိုယ်တော်ရှင်ကြီးမြတ်တော်မူကြောင်းကို ထုတ်ဖော်ကြေညာပါမည်။
29. ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍မေတ္တာတော်သည်လည်းထာဝစဉ် တည်တော်မူသဖြင့်ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။