3. သေမင်း၏ကျော့ကွင်းသည်ငါ့ကိုဖမ်းမိလျက် နေ၏။ သေဘေးသည်ငါ့ကိုဝိုင်းရံလျက်နေ၏။ငါသည်ကြောက်လန့်၍စိုးရိမ်ပူပန်ရ၏။
4. ထိုအခါ``အို ထာဝရဘုရား၊ကိုယ်တော်ရှင်အားကျွန်တော်မျိုးတောင်းပန် ပါ၏။ကျွန်တော်မျိုးကိုကယ်တော်မူပါ'' ဟုထာဝရဘုရား၏ထံတော်သို့ငါဆုတောင်း ပတ္ထနာပြု၏။
5. ထာဝရဘုရားသည်သနားကြင်နာတော်မူ၍ ကျေးဇူးပြုတော်မူတတ်၏။ငါတို့၏ဘုရားသခင်သည်ကရုဏာတော်ရှင် ဖြစ်တော်မူ၏။
6. ထာဝရဘုရားသည်ခိုကိုးရာမဲ့သူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ငါဘေးဥပဒ်ရောက်သောအခါငါ့ကို ကယ်တော်မူ၏။
7. အို ငါ့စိတ်နှလုံး၊ထာဝရဘုရားသည်ငါ့အားကျေးဇူးပြုတော်မူပြီဖြစ်၍ ယုံကြည်စိတ်ချစွာနေလော့။
8. ထာဝရဘုရားသည်ငါ့အသက်ကို သေဘေးမှလည်းကောင်း၊ငါ့မျက်စိကိုမျက်ရည်ကျခြင်းမှလည်း ကောင်း၊ငါ၏ခြေကိုချော်လဲခြင်းမှလည်းကောင်း ကယ်တော်မူပြီ။
9. သို့ဖြစ်၍ငါသည်အသက်ရှင်သူ လူသားတို့၏ဘောင်တွင်ဘုရားသခင်၏မျက်မှောက်တော်၌သက်ရှင်လှုပ်ရှားလျက်နေရ၏။
12. ထာဝရဘုရားငါ့အားပြုတော်မူသောကျေးဇူးများအတွက်ငါသည်ကိုယ်တော်အား အဘယ်အရာကိုပူဇော်ရပါမည်နည်း။
13. ငါ့ကိုကယ်တော်မူသည့်အတွက်ကျေးဇူးတော်ကိုချီးမွမ်းရန်ငါသည် ထာဝရဘုရားအားစပျစ်ရည်ကို ပူဇော်မည်။