ဆာ​လံ 116:1-9 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ပန်​ကြားလျှောက်​ထား​ချက်​ကို​ကြား​တော်​မူ​သည်​ဖြစ်​၍ ငါ​သည်​ကိုယ်​တော်​ကို​ချစ်​မြတ်​နိုး​၏။ကိုယ်​တော်​သည်​ငါ​၏​ဆု​တောင်း​ပတ္ထနာ​ကို နား​ထောင်​တော်​မူ​၏။

2. ငါ​လျှောက်​ထား​သည့်​အ​ခါ​တိုင်း​ကိုယ်​တော် နား​ထောင်​တော်​မူ​၏။

3. သေ​မင်း​၏​ကျော့​ကွင်း​သည်​ငါ့​ကို​ဖမ်း​မိ​လျက် နေ​၏။ သေ​ဘေး​သည်​ငါ့​ကို​ဝိုင်း​ရံ​လျက်​နေ​၏။ငါ​သည်​ကြောက်​လန့်​၍​စိုး​ရိမ်​ပူ​ပန်​ရ​၏။

4. ထို​အ​ခါ``အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး​တောင်း​ပန် ပါ​၏။ကျွန်​တော်​မျိုး​ကို​ကယ်​တော်​မူ​ပါ'' ဟုထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့​ငါ​ဆု​တောင်း ပတ္ထ​နာ​ပြု​၏။

5. ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​ကြင်​နာ​တော်​မူ​၍ ကျေး​ဇူး​ပြု​တော်​မူ​တတ်​၏။ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​က​ရု​ဏာ​တော်​ရှင် ဖြစ်​တော်​မူ​၏။

6. ထာ​ဝ​ရ​ဘု​ရား​သည်​ခို​ကိုး​ရာ​မဲ့​သူ​တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။ငါ​ဘေး​ဥ​ပဒ်​ရောက်​သော​အ​ခါ​ငါ့​ကို ကယ်​တော်​မူ​၏။

7. အို ငါ့​စိတ်​နှ​လုံး၊ထာ​ဝ​ရ​ဘု​ရား​သည်ငါ့​အား​ကျေး​ဇူး​ပြု​တော်​မူ​ပြီ​ဖြစ်​၍ ယုံ​ကြည်​စိတ်​ချ​စွာ​နေ​လော့။

8. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အ​သက်​ကို သေ​ဘေး​မှ​လည်း​ကောင်း၊ငါ့​မျက်​စိ​ကို​မျက်​ရည်​ကျ​ခြင်း​မှ​လည်း ကောင်း၊ငါ​၏​ခြေ​ကို​ချော်​လဲ​ခြင်း​မှ​လည်း​ကောင်း ကယ်​တော်​မူ​ပြီ။

9. သို့​ဖြစ်​၍​ငါ​သည်​အ​သက်​ရှင်​သူ လူ​သား​တို့​၏​ဘောင်​တွင်ဘု​ရား​သ​ခင်​၏​မျက်​မှောက်​တော်​၌သက်​ရှင်​လှုပ်​ရှား​လျက်​နေ​ရ​၏။

10-11. ငါ​သည်​ကြောက်​လန့်​သ​ဖြင့်``ငါ့​မှာ​ယုံ​ကြည် နိုင်​သူ တစ်​ယောက်​မျှ​မ​ရှိ'' ဟူ​၍​လည်း​ကောင်း``ငါ​သည်​စိတ်​ဒုက္ခ​ကြီး​စွာ​ရောက်​ပါ​ပြီ'' ဟူ​၍​လည်း​ကောင်း​ဆို​စဉ်​၌​ပင်​လျှင်ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည်​မြဲ​ယုံ​ကြည် လျက်​နေ​ပါ​၏။

18-19. ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား သစ္စာ​က​တိ​ပြု​ခဲ့​သည့်​အ​တိုင်းကိုယ်​တော်​ရှင်​၏​လူ​စု​တော်​ဝင်​တို့ စု​ဝေး​ရာယေ​ရု​ရှ​လင်​မြို့​ရှိ​ကိုယ်​တော်​ရှင်​၏​ဗိ​မာန် တော်​၌ သစ္စာ​ဝတ်​ကို​ဖြေ​ပါ​မည်။ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။

ဆာ​လံ 116