1. ထာဝရဘုရားသည်ငါ၏ပန်ကြားလျှောက်ထားချက်ကိုကြားတော်မူသည်ဖြစ်၍ ငါသည်ကိုယ်တော်ကိုချစ်မြတ်နိုး၏။ကိုယ်တော်သည်ငါ၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူ၏။
2. ငါလျှောက်ထားသည့်အခါတိုင်းကိုယ်တော် နားထောင်တော်မူ၏။
3. သေမင်း၏ကျော့ကွင်းသည်ငါ့ကိုဖမ်းမိလျက် နေ၏။ သေဘေးသည်ငါ့ကိုဝိုင်းရံလျက်နေ၏။ငါသည်ကြောက်လန့်၍စိုးရိမ်ပူပန်ရ၏။
4. ထိုအခါ``အို ထာဝရဘုရား၊ကိုယ်တော်ရှင်အားကျွန်တော်မျိုးတောင်းပန် ပါ၏။ကျွန်တော်မျိုးကိုကယ်တော်မူပါ'' ဟုထာဝရဘုရား၏ထံတော်သို့ငါဆုတောင်း ပတ္ထနာပြု၏။
5. ထာဝရဘုရားသည်သနားကြင်နာတော်မူ၍ ကျေးဇူးပြုတော်မူတတ်၏။ငါတို့၏ဘုရားသခင်သည်ကရုဏာတော်ရှင် ဖြစ်တော်မူ၏။
6. ထာဝရဘုရားသည်ခိုကိုးရာမဲ့သူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ငါဘေးဥပဒ်ရောက်သောအခါငါ့ကို ကယ်တော်မူ၏။
10-11. ငါသည်ကြောက်လန့်သဖြင့်``ငါ့မှာယုံကြည် နိုင်သူ တစ်ယောက်မျှမရှိ'' ဟူ၍လည်းကောင်း``ငါသည်စိတ်ဒုက္ခကြီးစွာရောက်ပါပြီ'' ဟူ၍လည်းကောင်းဆိုစဉ်၌ပင်လျှင်ထာဝရဘုရားကိုယုံကြည်မြဲယုံကြည် လျက်နေပါ၏။
18-19. ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား သစ္စာကတိပြုခဲ့သည့်အတိုင်းကိုယ်တော်ရှင်၏လူစုတော်ဝင်တို့ စုဝေးရာယေရုရှလင်မြို့ရှိကိုယ်တော်ရှင်၏ဗိမာန် တော်၌ သစ္စာဝတ်ကိုဖြေပါမည်။ထာဝရဘုရားကိုထောမနာပြုကြလော့။