1. ထာဝရဘုရားအားထောမနာပြုလော့။ငါသည်ထာဝရဘုရား၏လူစုတော်အစည်းအဝေးတွင်ကိုယ်တော်၏ကျေးဇူး တော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းမည်။
2. ထာဝရဘုရားပြုတော်မူသောအမှုအရာ တို့သည် အံ့သြဖွယ်ကောင်းလှပါသည်တကား။ထိုအမှုအရာများကိုနှစ်သက်သူအပေါင်း တို့သည် ယင်းတို့ကိုလေ့လာတတ်ကြ၏။
3. ကိုယ်တော်ပြုသမျှသောအမှုတော်တို့သည် ဂုဏ်အသရေနှင့်ပြည့်စုံပါပေသည်။ကိုယ်တော်၏ဖြောင့်မတ်ခြင်းတရားသည် ထာဝစဉ်တည်ပါ၏။