ဆာ​လံ 106:28-46 Common Language Bible (BCL)

28. ထို​နောက်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်ဗာ​လ​ဘု​ရား​ကို​ပေ​ဂု​ရ​အ​ရပ်​တွင်​ရှိ​ခိုး ဝတ်​ပြု​၍သက်​မဲ့​ဘု​ရား​များ​ကို​ပူ​ဇော်​သည့်​ယဇ်​ကောင်​သား​ကို စား​ကြ​၏။

29. သူ​တို့​သည်​ယင်း​သို့​ပြု​မူ​ခြင်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော်​ကိုလှုံ့​ဆော်​ပေး​ကြ​ရာ​သူ​တို့​တွင်​ရော​ဂါ​ဆိုး ကပ်​ရောက်​လေ​၏။

30. သို့​ရာ​တွင်​ဖိ​န​ဟတ်​သည်​ထ​၍အ​ပြစ်​ရှိ​သူ​တို့​ကို​ဒဏ်​စီ​ရင်​လိုက်​သ​ဖြင့် ကပ်​ရော​ဂါ​သည်​ငြိမ်း​လေ​၏။

31. ဖိ​န​ဟတ်​ပြု​ခဲ့​သည့်​ကျေး​ဇူး​ကို​ယ​နေ့​တိုင်​အောင် လူ​တို့​သ​တိ​ရ​ကြ​ကုန်​၏။နောင်​ကာ​လ​အ​စဉ်​မ​ပြတ်​လည်း သ​တိ​ရ​ကြ​ပေ​လိမ့်​မည်။

32. သူ​တို့​သည်​မေ​ရိ​ဘ​စမ်း​ချောင်း​အ​နီး​တွင် ထာ​ဝ​ရ​ဘု​ရား​အား​အ​မျက်​ထွက်​စေ​ကြ​၏။သူ​တို့​အ​တွက်​ကြောင့်​မော​ရှေ​သည်​ဒုက္ခ​ရောက် ရ​၏။

33. သူ​တို့​သည်​မော​ရှေ​အား​လွန်​စွာစိတ်​နာ​ကြည်း​စေ​သ​ဖြင့်​သူ​မ​စဉ်း​စား မ​ဆင်​ခြင်​ဘဲ​စ​ကား​ပြော​မိ​၏။

34. သူ​တို့​သည်​ခါ​နာန်​အ​မျိုး​သား​တို့​အားသုတ်​သင်​ပစ်​ရန်​ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း တော်​မူ​သည့်​အ​တိုင်း​မ​ပြု​မ​လုပ်​ကြ​ဘဲ

35. ထို​သူ​တို့​နှင့်​ထိမ်း​မြား​မင်္ဂ​လာ​ပြု​လျက်​သူ​တို့​၏ ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​လိုက်​နာ​ကျင့်​သုံး​ကြ​၏။

36. ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်​ရုပ်​တု​များ​ကို ရှိ​ခိုး​ကြ​သ​ဖြင့်​ပျက်​စီး​ဆုံး​ရှုံး​ရ ကြ​၏။

37. သူ​တို့​သည်​မိ​မိ​တို့​၏​သား​သ​မီး​များ​ကိုယဇ်​ကောင်​များ​အ​ဖြစ်​ဖြင့်​ခါ​နာန်​ရုပ်​တု​တို့​အား ပူ​ဇော်​ကြ​၏။

38. သူ​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ်​မဲ့​သူသား​သ​မီး​အ​ရင်း​အ​ချာ​များ​ကို​သတ် ဖြတ်​ကာခါ​နာန်​ရုပ်​တု​များ​အား​ပူ​ဇော်​ကြ​ရာ​တိုင်း​ပြည်​ကို ညစ်​ညမ်း​စေ​ကြ​၏။

39. ယင်း​သို့​သတ်​ဖြတ်​မှု​များ​ဖြင့်​မိ​မိ​တို့​ကိုယ်​ကို ညစ်​ညမ်း​စေ​ကြ​၏။ယင်း​သို့​ပြု​မူ​ကြ​ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင် ကို​လည်း သစ္စာ​ဖောက်​ကြ​၏။

40. သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု တော်​အား အ​မျက်​ထွက်​တော်​မူ​၏။သူ​တို့​အား​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​၏။

41. ကိုယ်​တော်​သည်​သူ​တို့​အား​အ​ခြား​လူ​မျိုး​တို့​၏ လက်​တွင်​စွန့်​ပစ်​၍​ထား​တော်​မူ​သ​ဖြင့်ရန်​သူ​များ​သည်​သူ​တို့​ကို​အ​စိုး​ရ​ကြ​ကုန်​၏။

42. သူ​တို့​သည်​ရန်​သူ​များ​၏​ဖိ​စီး​နှိပ်​စက်​မှု​ကိုခံ​ရ​ကြ​ကာ​လက်​အောက်​ခံ​များ​ဖြစ်​လာ​ရ ကြ​၏။

43. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အားကြိမ်​ဖန်​များ​စွာ​ကယ်​ဆယ်​တော်​မူ​ခဲ့​သော်​လည်းသူ​တို့​သည်​ကိုယ်​တော်​အား​ပုန်​ကန်​မြဲ ပုန်​ကန်​ကြ​သ​ဖြင့်အ​ပြစ်​နွံ​တွင်​ပို​၍​သာ​နစ်​ကြ​ကုန်​၏။

44. သို့​ရာ​တွင်​သူ​တို့​ဟစ်​အော်​ကြ​သော​အ​ခါထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​၍​သူ​တို့​၏ ဆင်း​ရဲ​ဒုက္ခ​ကြောင့်​သူ​တို့​ကို​သနား​တော်​မူ​၏။

45. ကိုယ်​တော်​သည်​သူ​တို့​၏​အ​ကျိုး​ကို​ထောက်​၍ ပ​ဋိ​ညာဉ်​တော်​ကို​သ​တိ​ရ​တော်​မူ​၏။မေတ္တာ​တော်​သည်​ကြီး​မား​တော်​မူ​သည် ဖြစ်​၍ အ​မျက်​ပြေ​တော်​မူ​၏။

46. သူ​တို့​အား​ဖမ်း​ဆီး​ချုပ်​နှောင်​ထား​ကြ​သူ​တို့​၏စိတ်​နှ​လုံး​တွင်​သ​နား​တတ်​သော​သ​ဘော​ကို သွင်း​ပေး​တော်​မူ​၏။

ဆာ​လံ 106