3. တရားမျှတစွာပြုမူ၍အမှန်တရားကို အစဉ် ကျင့်သုံးသူတို့သည်မင်္ဂလာရှိကြ၏။
4. အို ထာဝရဘုရား၊ကိုယ်တော်ရှင်၏လူစုတော်အား ကူမတော်မူသောအခါကျွန်တော်မျိုးကိုလည်းသတိရတော်မူပါ။သူတို့အားကယ်တော်မူသောအခါ ကျွန်တော်မျိုးကိုလည်းကယ်တော်မူပါ။
5. ကိုယ်တော်ရှင်၏လူစုတော်ကောင်းစားသည်ကို ကျွန်တော်မျိုးမြင်ပါရစေ။ကိုယ်တော်ရှင်၏ပြည်တော်သားများ ဝမ်းမြောက်ရာ၌လည်းကောင်း၊ကိုယ်တော်ပိုင်တော်မူသောသူတို့ရွှင်လန်းအား ရစွာဂုဏ်ယူဝါကြွားရာ၌လည်းကောင်းကျွန်တော်မျိုး ပါဝင်ပါရစေ။
6. ကျွန်တော်မျိုးတို့သည်ဘိုးဘေးများနည်းတူအပြစ်ကူးကြပါပြီ။ ယုတ်မာဆိုးညစ်ကြ ပါပြီ။
7. ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်အီဂျစ် ပြည်၌ဘုရားသခင်ပြုတော်မူသောအံ့သြဖွယ်ရာ အမှုတော်ကိုနားမလည်ကြပါ။သူတို့အားကြိမ်ဖန်များစွာပြတော်မူသော မေတ္တာတော်ကိုမေ့လျော့ကြပါ၏။ထိုနောက်ပင်လယ်နီအနီးတွင်အနန္တ တန်ခိုးရှင်ကို ပုန်ကန်ကြပါ၏။
8. သို့ရာတွင်ကိုယ်တော်သည်မိမိ၏ မဟာတန်ခိုးတော်ကိုပြရန်ကတိတော်ရှိသည်အတိုင်းသူတို့အား ကယ်တော်မူပါ၏။
9. ကိုယ်တော်သည်ပင်လယ်နီကိုအမိန့်ပေးတော် မူလျှင် ယင်းသည်ခန်းခြောက်၍သွား၏။ထိုနောက်မိမိ၏လူစုတော်အားခန်းခြောက်သော ပင်လယ်ကိုဖြတ်စေရန်ပို့ဆောင်တော်မူ၏။
26-27. သို့ဖြစ်၍ကိုယ်တော်သည်သူတို့အားတော ကန္တာရတွင် သေစေမည်ဖြစ်ကြောင်းကိုလည်းကောင်း၊သူတို့၏သားမြေးများအားဘုရားမဲ့သူတို့ ထံတွင် ကွဲလွင့်စေလျက်တိုင်းတစ်ပါးတွင်သေစေမည်ဖြစ်ကြောင်းကိုလည်းကောင်း ကြပ်တည်းစွာ သတိပေးတော်မူ၏။
28. ထိုနောက်ဘုရားသခင်၏လူစုတော်သည်ဗာလဘုရားကိုပေဂုရအရပ်တွင်ရှိခိုး ဝတ်ပြု၍သက်မဲ့ဘုရားများကိုပူဇော်သည့်ယဇ်ကောင်သားကို စားကြ၏။
29. သူတို့သည်ယင်းသို့ပြုမူခြင်းအားဖြင့် ထာဝရဘုရား၏အမျက်တော်ကိုလှုံ့ဆော်ပေးကြရာသူတို့တွင်ရောဂါဆိုး ကပ်ရောက်လေ၏။
30. သို့ရာတွင်ဖိနဟတ်သည်ထ၍အပြစ်ရှိသူတို့ကိုဒဏ်စီရင်လိုက်သဖြင့် ကပ်ရောဂါသည်ငြိမ်းလေ၏။
31. ဖိနဟတ်ပြုခဲ့သည့်ကျေးဇူးကိုယနေ့တိုင်အောင် လူတို့သတိရကြကုန်၏။နောင်ကာလအစဉ်မပြတ်လည်း သတိရကြပေလိမ့်မည်။
32. သူတို့သည်မေရိဘစမ်းချောင်းအနီးတွင် ထာဝရဘုရားအားအမျက်ထွက်စေကြ၏။သူတို့အတွက်ကြောင့်မောရှေသည်ဒုက္ခရောက် ရ၏။
33. သူတို့သည်မောရှေအားလွန်စွာစိတ်နာကြည်းစေသဖြင့်သူမစဉ်းစား မဆင်ခြင်ဘဲစကားပြောမိ၏။
34. သူတို့သည်ခါနာန်အမျိုးသားတို့အားသုတ်သင်ပစ်ရန်ထာဝရဘုရားစေခိုင်း တော်မူသည့်အတိုင်းမပြုမလုပ်ကြဘဲ
35. ထိုသူတို့နှင့်ထိမ်းမြားမင်္ဂလာပြုလျက်သူတို့၏ ဋ္ဌလေ့ထုံးစံများကိုလိုက်နာကျင့်သုံးကြ၏။