13. သို့ရာတွင်သူတို့သည်ကိုယ်တော်ပြုတော်မူသည့် အမှုတော်ကိုလျင်မြန်စွာမေ့ပျောက်လိုက်ပြီးလျှင်ကိုယ်တော်၏လမ်းညွှန်တော်မူချက်ကိုမခံယူဘဲ ပြုမူကျင့်ကြံကြ၏။
14. သူတို့သည်တောကန္တာရ၌အာသာရမ္မက် ဖြစ်ပေါ်လာသည့်အလျောက်ဘုရားသခင်အားသွေးစမ်းကြ၏။
15. သို့ဖြစ်၍ကိုယ်တော်သည်သူတို့တောင်းခံသည့် အရာကိုချပေးတော်မူသော်လည်းသူတို့အားရောဂါဆိုးစွဲကပ်စေတော် မူ၏။
16. သဲကန္တာရတွင်သူတို့သည်မောရှေအားလည်းကောင်း၊ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့်အစေခံ အာရုန်အားလည်းကောင်းငြူစူကြ၏။