21. မင်းကြီးသည်သူ့အားတိုင်းပြည်အုပ်ချုပ်ရေး တာဝန်ကိုအပ်နှင်းတော်မူ၍တစ်နိုင်ငံလုံး၏ဘုရင်ခံအဖြစ်ဖြင့် ခန့်ထားတော်မူ၏။
22. သူသည်မင်းကြီးခန့်ထားသည့်အရာရှိ များအား အမိန့်ပေးပိုင်ခွင့်ကိုလည်းကောင်း၊မှူးမတ်တို့အားဆင့်ဆိုညွှန်ကြားပိုင်ခွင့် ကိုလည်းကောင်းရလေ၏။
23. ထိုအခါယာကုပ်သည်အီဂျစ်ပြည်သို့ရောက် ရှိလာ၍ ထိုပြည်၌အခြေစိုက်နေထိုင်လေ၏။
24. ထာဝရဘုရားသည်မိမိ၏လူစုတော်အားသားသမီးများစွာထွန်းကားလာစေတော်မူသဖြင့် ရန်သူတို့ထက်ပို၍အင်အားကြီးမားစေတော်မူ၏။
25. ကိုယ်တော်သည်အီဂျစ်အမျိုးသားတို့၏စိတ်ကို ပြောင်းလဲစေသဖြင့်သူတို့သည်ကိုယ်တော်၏လူစုတော်အားမုန်း၍ လိမ်လည်လှည့်ဖျားကြ၏။
26. ထိုနောက်ကိုယ်တော်သည်မိမိ၏အစေခံမောရှေနှင့်ကိုယ်တော်ရွေးချယ်တော်မူသူအာရုန်ကို စေလွှတ်တော်မူ၏။
27. သူတို့သည်အီဂျစ်ပြည်တွင်အံ့ဖွယ်သောတန်ခိုး နှင့်ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြကြ၏။
28. ကိုယ်တော်သည်တစ်ပြည်လုံးတွင်အမှောင် ကျစေတော်မူ၏။သို့သော်လည်းအီဂျစ်အမျိုးသားတို့သည် ကိုယ်တော်၏အမိန့်တော်ကိုနားမထောင် ကြ။
29. ကိုယ်တော်သည်သူတို့၏မြစ်များကိုသွေး အတိ ဖြစ်စေတော်မူ၍ငါးရှိသမျှတို့ကိုသေစေတော်မူ၏။
30. ဘုရင့်နန်းတော်အပါအဝင်သူတို့၏ပြည်သည် ဖားများနှင့်ပြည့်လေ၏။
31. ထာဝရဘုရားအမိန့်ပေးတော်မူသောအခါငှက်နှင့်ယင်ရဲတို့သည်တစ်ပြည်လုံးသို့ အုပ်လိုက်ရောက်ရှိလာကြကုန်၏။
32. ကိုယ်တော်သည်ထိုပြည်တွင်မိုးအစား မိုးသီးကိုရွာစေတော်မူ၍လျှပ်ပန်းလျှပ်နွယ်များကိုဖြစ်ပွားစေတော်မူ၏။
33. ထိုသူတို့၏စပျစ်ပင်နှင့်သင်္ဘောသဖန်းပင်တို့ကို ဖျက်ဆီးပစ်တော်မူ၍တစ်ပြည်လုံးရှိသစ်ပင်များကိုကျိုးကျ စေတော်မူ၏။
34. ကိုယ်တော်အမိန့်ပေးတော်မူသောအခါသန်းပေါင်းများစွာမရေမတွက်နိုင်သော နှံကောင်တို့သည်ရောက်ရှိလာကြ၍
35. တိုင်းပြည်တွင်ရှိသမျှသောအပင်ငယ်တို့ကို စားကြကုန်၏။အသီးအနှံရှိသမျှတို့ကိုကိုက်စားကြ ကုန်၏။
36. ကိုယ်တော်သည်အီဂျစ်ပြည်ရှိအိမ်ထောင်စု အပေါင်းမှ သားဦးတို့ကိုသေဒဏ်ခတ်တော်မူ၏။
37. ထိုနောက်ဣသရေလအမျိုးသားတို့အား ထုတ်ဆောင်သွားတော်မူ၏။သူတို့သည်ရွှေငွေများကိုသယ်ယူခဲ့ကြ၏။သူတို့အားလုံးပင်ကျန်းမာသန်စွမ်းသူများ ဖြစ်ကြ၏။
38. အီဂျစ်အမျိုးသားတို့သည်သူတို့ကိုကြောက် သဖြင့်သူတို့ထွက်ခွာသွားကြသောအခါ ဝမ်းမြောက်ကြကုန်၏။
39. ဘုရားသခင်သည်မိမိ၏လူစုတော်အပေါ်သို့ မိုးတိမ်ရိပ်ကျစေတော်မူ၍ညဥ့်အခါအလင်းရစေရန်မီးကိုပေးတော် မူ၏။
40. သူတို့တောင်းခံသဖြင့်ကိုယ်တော်သည်ငုံးများကို စေလွှတ်ပေးတော်မူ၏။သူတို့ရောင့်ရဲစွာစားနိုင်ကြစေရန်ကောင်းကင်မှ အစားအစာကိုချပေးတော်မူ၏။
41. ကိုယ်တော်သည်ကျောက်ဆောင်ကိုခွဲတော်မူသောအခါရေသည်ပန်း၍ထွက်လာကာသဲကန္တာရတွင် မြစ်သဖွယ်စီး၍သွား၏။