ဆာ​လံ 105:2-5-6 Common Language Bible (BCL)

2. သီ​ချင်း​ဆို​၍​ထာ​ဝ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ အ​ပေါင်း​တို့​ကို​ဖော်​ပြ​ကြ​လော့။

3. ငါ​တို့​အား​ကိုယ်​တော်​ပိုင်​တော်​မူ​သည်​ဖြစ်​၍ ဝမ်း​မြောက်​ကြ​လော့။ထာ​ဝ​ရ​ဘု​ရား​အားကိုး​ကွယ်​ဝတ်​ပြု​သူ​အ​ပေါင်း​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။

4. အ​ကူ​အ​ညီ​တောင်း​ခံ​ရန်​ထာ​ဝ​ရ​ဘု​ရား​၏ ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​လော့။ရှေ့​တော်​မှောက်​တွင်​အ​စဉ်​အ​မြဲ​နေ​ကြ​လော့။

5-6. ကိုယ်​တော်​၏​အ​စေ​ခံ​အာ​ဗြ​ဟံ​၏​အ​မျိုး အ​နွယ်​တို့၊ကိုယ်​တော်​ရွေး​ကောက်​တော်​မူ​သော​ယာ​ကုပ်​၏ သား​မြေး​တို့၊သင်​တို့​သည်​ကိုယ်​တော်​ပြ​တော်​မူ​သည့်အံ့​သြ​ဖွယ်​ကောင်း​သော​နိ​မိတ်​လက္ခ​ဏာ​တို့ ကို​လည်း​ကောင်း၊ကိုယ်​တော်​ချ​မှတ်​တော်​မူ​သော​တ​ရား​စီ​ရင်​ချက် တို့​ကို​လည်း​ကောင်း​အောက်​မေ့​သ​တိ​ရ​ကြ​လော့။

12. ဘု​ရား​သ​ခင်​၏​လူ​စု​တော်​သည်အ​ရေ​အ​တွက်​အား​ဖြင့်​နည်း​ပါး​၍​ခါ​နာန်​ပြည်​တွင် သူ​စိမ်း​တစ်​ရံ​ဆံ​များ​ဖြစ်​ကြ​၏။

13. သူ​တို့​သည်​တစ်​နိုင်​ငံ​မှ​တစ်​နိုင်​ငံ​သို့​လည်း​ကောင်း၊တစ်​ရပ်​မှ​တစ်​ရပ်​သို့​လည်း​ကောင်း​လှည့်​လည် သွား​လာ​ရ​ကြ​၏။

14. သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သူ​တို့​အားဖိ​စီး​နှိပ်​စက်​ရန်​အ​ဘယ်​သူ​ကို​မျှ​ခွင့်​ပြု​တော်​မ​မူ။ သူ​တို့​ကို​ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။

15. ကိုယ်​တော်​က``ငါ​ရွေး​ချယ်​ထား​သည့်​အ​စေ​ခံ​တို့​ကို မ​ထိ​မ​ခိုက်​ကြ​နှင့်။ငါ​၏​ပ​ရော​ဖက်​တို့​အား​လက်​ဖျား​နှင့်​ပင်မ​တို့​ကြ​နှင့်'' ဟု​ရှင်​ဘု​ရင်​တို့​အား သ​တိ​ပေး​တော်​မူ​၏။

16. ကိုယ်​တော်​သည်​သူ​တို့​ပြည်​၌​ငတ်​မွတ်​ခေါင်း​ပါး ခြင်း ဘေး​ဆိုက်​ရောက်​စေ​တော်​မူ​သ​ဖြင့်စား​နပ်​ရိက္ခာ​ပြတ်​လပ်​သွား​သော​အ​ခါ

17. ကျွန်​အ​ဖြစ်​အ​ရောင်း​ခံ​ရ​သူ​ယော​သပ်​အား သူ​တို့​၏​ရှေ့​မှ​စေ​လွှတ်​တော်​မူ​ပေ​သည်။

20. ထို​အ​ခါ​အီ​ဂျစ်​ဘု​ရင်​သည်​ယော​သပ်​အား အ​ကျဉ်း​ထောင်​မှ​လွှတ်​စေ​တော်​မူ​၏။လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​သည်​ယော​သပ် အား လွတ်​မြောက်​စေ​တော်​မူ​၏။

21. မင်း​ကြီး​သည်​သူ့​အား​တိုင်း​ပြည်​အုပ်​ချုပ်​ရေး တာ​ဝန်​ကို​အပ်​နှင်း​တော်​မူ​၍တစ်​နိုင်​ငံ​လုံး​၏​ဘု​ရင်​ခံ​အ​ဖြစ်​ဖြင့် ခန့်​ထား​တော်​မူ​၏။

22. သူ​သည်​မင်း​ကြီး​ခန့်​ထား​သည့်​အ​ရာ​ရှိ များ​အား အ​မိန့်​ပေး​ပိုင်​ခွင့်​ကို​လည်း​ကောင်း၊မှူး​မတ်​တို့​အား​ဆင့်​ဆို​ညွှန်​ကြား​ပိုင်​ခွင့် ကို​လည်း​ကောင်း​ရ​လေ​၏။

23. ထို​အ​ခါ​ယာ​ကုပ်​သည်​အီ​ဂျစ်​ပြည်​သို့​ရောက် ရှိ​လာ​၍ ထို​ပြည်​၌​အ​ခြေ​စိုက်​နေ​ထိုင်​လေ​၏။

24. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အားသား​သ​မီး​များ​စွာ​ထွန်း​ကား​လာ​စေ​တော်​မူ​သ​ဖြင့် ရန်​သူ​တို့​ထက်​ပို​၍​အင်​အား​ကြီး​မား​စေ​တော်​မူ​၏။

25. ကိုယ်​တော်​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​၏​စိတ်​ကို ပြောင်း​လဲ​စေ​သ​ဖြင့်သူ​တို့​သည်​ကိုယ်​တော်​၏​လူ​စု​တော်​အား​မုန်း​၍ လိမ်​လည်​လှည့်​ဖျား​ကြ​၏။

26. ထို​နောက်​ကိုယ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ​မောရှေ​နှင့်ကိုယ်​တော်​ရွေး​ချယ်​တော်​မူ​သူ​အာ​ရုန်​ကို စေ​လွှတ်​တော်​မူ​၏။

27. သူ​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​အံ့​ဖွယ်​သော​တန်​ခိုး နှင့်ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​ကြ​၏။

28. ကိုယ်​တော်​သည်​တစ်​ပြည်​လုံး​တွင်​အ​မှောင် ကျ​စေ​တော်​မူ​၏။သို့​သော်​လည်း​အီ​ဂျစ်​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​နား​မ​ထောင် ကြ။

29. ကိုယ်​တော်​သည်​သူ​တို့​၏​မြစ်​များ​ကို​သွေး အ​တိ ဖြစ်​စေ​တော်​မူ​၍ငါး​ရှိ​သ​မျှ​တို့​ကို​သေ​စေ​တော်​မူ​၏။

30. ဘု​ရင့်​နန်း​တော်​အ​ပါ​အ​ဝင်​သူ​တို့​၏​ပြည်​သည် ဖား​များ​နှင့်​ပြည့်​လေ​၏။

31. ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါငှက်​နှင့်​ယင်​ရဲ​တို့​သည်​တစ်​ပြည်​လုံး​သို့ အုပ်​လိုက်​ရောက်​ရှိ​လာ​ကြ​ကုန်​၏။

32. ကိုယ်​တော်​သည်​ထို​ပြည်​တွင်​မိုး​အ​စား မိုး​သီး​ကို​ရွာ​စေ​တော်​မူ​၍လျှပ်​ပန်း​လျှပ်​နွယ်​များ​ကို​ဖြစ်​ပွား​စေ​တော်​မူ​၏။

33. ထို​သူ​တို့​၏​စ​ပျစ်​ပင်​နှင့်​သင်္ဘော​သ​ဖန်း​ပင်​တို့​ကို ဖျက်​ဆီး​ပစ်​တော်​မူ​၍တစ်​ပြည်​လုံး​ရှိ​သစ်​ပင်​များ​ကို​ကျိုး​ကျ စေ​တော်​မူ​၏။

34. ကိုယ်​တော်​အ​မိန့်​ပေး​တော်​မူ​သော​အ​ခါသန်း​ပေါင်း​များ​စွာ​မ​ရေ​မ​တွက်​နိုင်​သော နှံ​ကောင်​တို့​သည်​ရောက်​ရှိ​လာ​ကြ​၍

35. တိုင်း​ပြည်​တွင်​ရှိ​သ​မျှ​သော​အ​ပင်​ငယ်​တို့​ကို စား​ကြ​ကုန်​၏။အ​သီး​အ​နှံ​ရှိ​သ​မျှ​တို့​ကို​ကိုက်​စား​ကြ ကုန်​၏။

36. ကိုယ်​တော်​သည်​အီ​ဂျစ်​ပြည်​ရှိ​အိမ်​ထောင်​စု အ​ပေါင်း​မှ သား​ဦး​တို့​ကို​သေ​ဒဏ်​ခတ်​တော်​မူ​၏။

37. ထို​နောက်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား ထုတ်​ဆောင်​သွား​တော်​မူ​၏။သူ​တို့​သည်​ရွှေ​ငွေ​များ​ကို​သယ်​ယူ​ခဲ့​ကြ​၏။သူ​တို့​အား​လုံး​ပင်​ကျန်း​မာ​သန်​စွမ်း​သူ​များ ဖြစ်​ကြ​၏။

38. အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​သူ​တို့​ကို​ကြောက် သ​ဖြင့်သူ​တို့​ထွက်​ခွာ​သွား​ကြ​သော​အ​ခါ ဝမ်း​မြောက်​ကြ​ကုန်​၏။

39. ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု​တော်​အ​ပေါ်​သို့ မိုး​တိမ်​ရိပ်​ကျ​စေ​တော်​မူ​၍ညဥ့်​အ​ခါ​အ​လင်း​ရ​စေ​ရန်​မီး​ကို​ပေး​တော် မူ​၏။

40. သူ​တို့​တောင်း​ခံ​သ​ဖြင့်​ကိုယ်​တော်​သည်​ငုံး​များ​ကို စေ​လွှတ်​ပေး​တော်​မူ​၏။သူ​တို့​ရောင့်​ရဲ​စွာ​စား​နိုင်​ကြ​စေ​ရန်​ကောင်း​ကင်​မှ အ​စား​အ​စာ​ကို​ချ​ပေး​တော်​မူ၏။

41. ကိုယ်​တော်​သည်​ကျောက်​ဆောင်​ကို​ခွဲ​တော်​မူ​သော​အ​ခါရေ​သည်​ပန်း​၍​ထွက်​လာ​ကာ​သဲ​ကန္တာ​ရ​တွင် မြစ်​သ​ဖွယ်​စီး​၍​သွား​၏။

42. ကိုယ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ​အာ​ဗြ​ဟံ​အားပေး​တော်​မူ​ခဲ့​သော​က​တိ​တော်​ကို​သ​တိ​ရ​တော်​မူ​၏။

43. သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​ကို ထုတ်​ဆောင်​တော်​မူ​၏။သူ​တို့​သည်​လည်း​သီ​ချင်း​ဆို​လျက်​ဝမ်း​မြောက်​စွာ ကြွေး​ကြော်​ကြ​ကုန်​၏။

44. ကိုယ်​တော်​သည်​သူ​တို့​အား​အ​ခြား​လူ​မျိုး​တို့​၏ ပြည်​များ​ကို​ပေး​အပ်​တော်​မူ​သ​ဖြင့်သူ​တို့​သည်​ထို​သူ​တို့​၏​လယ်​ယာ​များ​ကို သိမ်း​ပိုက်​ကြ​ရ​၏။

45. ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ကိုယ်​တော်​၏​လူ​စု​တော် သည် ကိုယ်​တော်​ပေး​အပ်​ထား​တော်​မူ​သည့်ပ​ညတ်​များ​ကို​စောင့်​ထိန်း​၍​အ​မိန့်​တော်​များ​ကို လိုက်​နာ​ကြ​စေ​ရန်​ဖြစ်​၏။ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

ဆာ​လံ 105