ဆာ​လံ 105:18-19-27 Common Language Bible (BCL)

2. သီ​ချင်း​ဆို​၍​ထာ​ဝ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ်​ရာ အ​ပေါင်း​တို့​ကို​ဖော်​ပြ​ကြ​လော့။

3. ငါ​တို့​အား​ကိုယ်​တော်​ပိုင်​တော်​မူ​သည်​ဖြစ်​၍ ဝမ်း​မြောက်​ကြ​လော့။ထာ​ဝ​ရ​ဘု​ရား​အားကိုး​ကွယ်​ဝတ်​ပြု​သူ​အ​ပေါင်း​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။

4. အ​ကူ​အ​ညီ​တောင်း​ခံ​ရန်​ထာ​ဝ​ရ​ဘု​ရား​၏ ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​လော့။ရှေ့​တော်​မှောက်​တွင်​အ​စဉ်​အ​မြဲ​နေ​ကြ​လော့။

7. ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ကိုယ်​တော်​၏​အ​မိန့်​တော်​တို့​သည် တစ်​ကမ္ဘာ​လုံး​အ​တွက်​ဖြစ်​၏။

8. ကိုယ်​တော်​သည်​မိ​မိ​၏​ပ​ဋိ​ညာဉ်​တော်​ကို ထာ​ဝ​စဉ် ခိုင်​မြဲ​စေ​တော်​မူ​လိမ့်​မည်။က​တိ​တော်​များ​ကို​လူ​မျိုး​ဆက်​တစ်​ထောင် တိုင်​အောင်​တည်​စေ​တော်​မူ​လိမ့်​မည်။

9. အာ​ဗြ​ဟံ​နှင့်​ပြု​တော်​မူ​သော​ပ​ဋိ​ညာဉ်​တော်​နှင့်ဣ​ဇာက်​အား​ပေး​တော်​မူ​သော​က​တိ​တော်​ကို တည်​စေ​တော်​မူ​လိမ့်​မည်။

18-19. ယော​သပ်​ကြို​တင်​ဟော​ကြား​သည့်​အ​တိုင်း ဖြစ်​ပျက်​၍​မ​လာ​မီယော​သပ်​သည်​ခြေ​ကျင်း​အ​ခတ်​ခံ​ရ​၏။သူ​၏​လည်​တွင်​လည်း​သံ​လည်​ပတ်​အ​တပ်​ခံ​ရ​၏။သူ့​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော ဗျာ​ဒိတ်​စ​ကား​အ​တိုင်း​ဖြစ်​ပျက်​လာ​၏။

20. ထို​အ​ခါ​အီ​ဂျစ်​ဘု​ရင်​သည်​ယော​သပ်​အား အ​ကျဉ်း​ထောင်​မှ​လွှတ်​စေ​တော်​မူ​၏။လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်​သည်​ယော​သပ် အား လွတ်​မြောက်​စေ​တော်​မူ​၏။

21. မင်း​ကြီး​သည်​သူ့​အား​တိုင်း​ပြည်​အုပ်​ချုပ်​ရေး တာ​ဝန်​ကို​အပ်​နှင်း​တော်​မူ​၍တစ်​နိုင်​ငံ​လုံး​၏​ဘု​ရင်​ခံ​အ​ဖြစ်​ဖြင့် ခန့်​ထား​တော်​မူ​၏။

22. သူ​သည်​မင်း​ကြီး​ခန့်​ထား​သည့်​အ​ရာ​ရှိ များ​အား အ​မိန့်​ပေး​ပိုင်​ခွင့်​ကို​လည်း​ကောင်း၊မှူး​မတ်​တို့​အား​ဆင့်​ဆို​ညွှန်​ကြား​ပိုင်​ခွင့် ကို​လည်း​ကောင်း​ရ​လေ​၏။

23. ထို​အ​ခါ​ယာ​ကုပ်​သည်​အီ​ဂျစ်​ပြည်​သို့​ရောက် ရှိ​လာ​၍ ထို​ပြည်​၌​အ​ခြေ​စိုက်​နေ​ထိုင်​လေ​၏။

24. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အားသား​သ​မီး​များ​စွာ​ထွန်း​ကား​လာ​စေ​တော်​မူ​သ​ဖြင့် ရန်​သူ​တို့​ထက်​ပို​၍​အင်​အား​ကြီး​မား​စေ​တော်​မူ​၏။

25. ကိုယ်​တော်​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​၏​စိတ်​ကို ပြောင်း​လဲ​စေ​သ​ဖြင့်သူ​တို့​သည်​ကိုယ်​တော်​၏​လူ​စု​တော်​အား​မုန်း​၍ လိမ်​လည်​လှည့်​ဖျား​ကြ​၏။

26. ထို​နောက်​ကိုယ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ​မောရှေ​နှင့်ကိုယ်​တော်​ရွေး​ချယ်​တော်​မူ​သူ​အာ​ရုန်​ကို စေ​လွှတ်​တော်​မူ​၏။

27. သူ​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​အံ့​ဖွယ်​သော​တန်​ခိုး နှင့်ထူး​ဆန်း​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​ကြ​၏။

ဆာ​လံ 105