ဆာ​လံ 103:9-22 Common Language Bible (BCL)

9. ကိုယ်​တော်​သည်​အ​စဉ်​မ​ပြတ်​ပြစ်​တင်​၍​နေ​တော် မ​မူ။အ​စဉ်​အ​မြဲ​အ​မျက်​ထွက်​တော်​မ​မူ။

10. ငါ​တို့​အား​ခံ​ထိုက်​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​စေ တော်​မ​မူ၊ငါ​တို့​၌​အ​ပြစ်​များ​နှင့်​အ​မှား​များ​ရှိ​သည့် အ​တိုင်း အ​ပြစ်​ပေး​တော်​မ​မူ။

11. ကမ္ဘာ​မြေ​ပြင်​အ​ထက်​ရှိ​မိုး​ကောင်း​ကင်​သည်မြင့်​မား​သည်​နှင့်​အ​မျှကိုယ်​တော်​ကို​ကြောက်​ရွံ့​သူ​တို့​အ​တွက်​ထား​ရှိ​သော မေတ္တာ​တော်​သည်​ကြီးမား​တော်​မူ​၏။

12. အ​ရှေ့​မျက်​နှာ​စွန်း​သည်​အ​နောက်​မျက်​နှာ စွန်း​နှင့် ဝေး​ကွာ​သ​ကဲ့​သို့ကိုယ်​တော်​သည်​ငါ​တို့​အား​ငါ​တို့​အ​ပြစ်​များ​နှင့် ဝေး​ကွာ​စေ​တော်​မူ​၏။

13. ဖ​ခင်​သည်​သား​သ​မီး​တို့​အား​သ​နား ကြင်​နာ​သ​ကဲ့​သို့ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ သူ​တို့​အား​သ​နား​ကြင်​နာ​တော်​မူ​၏။

14. ငါ​တို့​ကိုယ်​ခန္ဓာ​ကို​မည်​ကဲ့​သို့တည်​ဆောက်​ထား​သည်​ကို​ကိုယ်​တော် သိ​တော်​မူ​၏။ငါ​တို့​သည်​မြေ​မှုန့်​ဖြစ်​ကြောင်း​ကို​သ​တိ​ရ တော်​မူ​၏။

15. ငါ​တို့​၏​ဘ​ဝ​အ​သက်​တာ​သည်​မြက်​ပင်​နှင့် တူ​၏။ငါ​တို့​သည်​တော​ပန်း​ကဲ့​သို့​ကြီး​ထွား ပွင့်​လန်း​လျက်​နေ​ကြ​၏။

16. လေ​တိုက်​သော​အ​ခါ​ပန်း​ပွင့်​သည် ကြွေ​ပျောက်​၍​သွား​သ​ဖြင့်ယင်း​ကို​နောက်​တစ်​ဖန်​မ​တွေ့​မ​မြင်​ရ​တော့​ပေ။

19. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ရာ​ဇ​ပလ္လင်​တော်​ကို ကောင်း​ကင်​ဘုံ​တွင်​ထား​ရှိ​တော်​မူ​၏။ကိုယ်​တော်​သည်​စကြ​ဝ​ဠာ​ကို​အ​စိုး​ရ​တော်​မူ​၏။

20. တန်​ခိုး​စွမ်း​ရည်​ကြီး​မား​၍​ကိုယ်​တော်​၏ အ​မိန့်​တော်​များ​ကို​လိုက်​နာ​လျက်ကိုယ်​တော်​၏​စ​ကား​ကို​နား​ထောင်​သော ကောင်း​ကင်​တ​မန်​တို့၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

21. ကိုယ်​တော်​၏​အ​လို​တော်​အ​တိုင်းလုပ်​ဆောင်​သူ​အ​စေ​ခံ​များ​ဖြစ်​သောကောင်း​ကင်​အာ​ဏာ​ပိုင်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။

22. ထာ​ဝ​ရ​ဘု​ရား​အုပ်​စိုး​တော်​မူ​ရာ​အ​ရပ်​ရှိဖန်​ဆင်း​ခြင်း​ခံ​ရ​သော​သတ္တဝါ​အ​ပေါင်း​တို့၊ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။အို ငါ့​ဝိ​ညာဉ်၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ ပြု​လော့။

ဆာ​လံ 103